နိုင်တီးဂွမ်တီးက ဆယ်လ်ဖီ (သို့) 1920 က Selfie

နိုင်တီးဂွမ်တီးက ဆယ်လ်ဖီ (သို့) 1920 က Selfie 


 
 
အရမ်းရှေးကျတာကို နိုင်တီးဂွမ်တီး လို့ ပြောကြပါတယ်။ 
ဟုတ်ကဲ့ ။ အခုမြင်ရတဲ့ပုံကတော့နိုင်တီးဂွမ်တီးကဓါတ်ပုံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ 
Byron Company က ထူထောင်ထားတဲ့ Marceau’s Studio ရဲ့ အမြင့်တနေရာမှာ ချိတ်ဆွဲဖို့အတွက် ပုံထဲမှာမြင်ရတဲ့ဓါတ်ပုံဆရာတွေက အတူတွဲပြီး ရိုက်ကူးခဲ့ကြတဲ့ Selfie ပုံပဲဖြစ်ပါတယ်။ ဒီပုံ ၂ ပုံ ကို အခုတော့ New York Museum မှာ ပြသထားပါတယ်။ တစ်ပုံကတော့ သူတို့ကိုယ်တိုင်ရိုက်ကူးပြီး ရလာတဲ့ Selfie ဖြစ်ပြီးတော့ ၊ နောက်တစ်ပုံကတော့ အဲဒီလို Selfie ရိုက်ကူးနေကြပုံကို မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။
.
Selfie ရိုက်ကူးကြတာဘယ်တုန်းကစပြီးရှိခဲ့တယ်ဆိုတာ ကတော့ မသေချာပေမယ့်လည်း သေချာတာကတော့ အရင့်အရင်နှစ်တွေထဲက Selfie ရိုက်ကူးတာနဲ့ပတ်သက်ပြီးပြန်ပြောင်းလေ့လာကြည့်
သလောက်တော့ ၁၉၂၀ ခုနှစ်များထဲမှာ ခေတ်စားခဲ့တယ်ဆိုတာ
သိရတယ်။
.
ဖော်ပြပါ ဓါတ်ပုံနှစ်ပုံကလည်း 1920 ခုနှစ်ရဲ့ ဒီဇင်ဘာလထဲမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၊ ပြောရရင် ယနေ့ Modern Selfie တွေရဲ့ ရှေ့ဆောင်ပုံတစ်ပုံလို့လည်း ပြောလို့ရနိုင်မယ်လို့ အထောက်အထား အချက်အလက်များအရ သိရပါတယ်။  ၁၉၂၀ မတိုင်ခင် ၁၉၀၇ ခုနှစ်တုန်းက ရှေးကျတဲ့ ဓါတ်ပုံတွေထဲမှာ ဆယ်ကျော်သက်တစ်ယောက်က ကိုယ့်ကိုယ်ကို မှန်ထဲမှာကြည့်ပြီးရိုက်ကူးတဲ့ Selfie တစ်ပုံကို 
တွေ့ရပေမယ့်လည်း ကင်မရာရဲ့ မျက်နှာဝကို ကိုယ့်ဘက်ကိုယ်လှည့်ပြီး လက်ကိုဆန့်တန်းလို့ ရိုက်ကူးတာမျိုးတော့ အတိအကျမတွေ့ရပါဘူး။ 
.
နောက်ထပ် ကျော်ကြားတဲ့ ဓါတ်ပုံတစ်ပုံကတော့ 1939 ခုနှစ် မှာ ရိုက်ကူးခဲ့တဲ့ Robert Cornelius ရဲ့ ကိုယ်တိုင်ရိုက်ကူးတဲ့ပုံဖြစ်ပြီးတော့ The first light Picture ever taken ဆိုပြီး ဓါတ်ပုံနောက်မှာ ရေးသားဖော်ပြထားပါတယ်။
.
သိပ္ပံပညာရှင်တွေရဲ့ မှတ်တမ်းတွေမှာတော့ 1839 ခုနှစ် အောက်တိုဘာ ၊ နိုဝင်ဘာ မသေချာတဲ့ အချိန်ကာလတစ်ခုမှာ အသက် ၃၀ အရွယ်ရှိ ဓါတ်ပုံပညာရှင် Robert Cornelius ဆိုသူဟာ သူ့ရဲ့ ကင်မရာကို သူ့အဖေဖြစ်သူရဲ့ ဆိုင်အနောက်ဘက်မှာ ထောင်ပြီး Self-Portrait ပုံတစ်ပုံရဖို့ ငါးမိနစ်လောက်ငြိမ်ငြိမ်ရပ်ပြီး ရိုက်ကူးခဲ့တယ်လို့ ဖော်ပြကြတယ်။ အဲဒီပုံရပြီးတဲ့နောက်မှာတော့ Cornelius က သူ့ဓါတ်ပုံအနောက်မှာ The first light Picture ever taken. 1839. လို့ ရေးသားဖော်ပြထားတယ်လို့ ဆိုတယ်။ (အောက်ပုံ)  

.



သမိုင်းမှတ်တမ်းများအရ Robert Cornelius ဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ကိုယ်တိုင်ရိုက် Portrait ပုံတစ်ပုံဖြစ်တယ်လို့ ဆိုပေမယ့် ကင်မရာကိုကိုင်ပြီး ရိုက်ကူးတဲ့ Selfie တစ်ပုံတော့မဟုတ်ခဲ့တာကြောင့် အငြင်းပွားစရာအနည်းငယ်တော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း သူဟာ Self-Portait ရိုက်ကူးမှုမှာတော့ ပထမဆုံးတီထွင်ဖန်တီးမှုပြုလုပ်သူအဖြစ် မှတ်တမ်းတင်ခြင်းခံထားရပါတယ်။
.
ဒါ့အပြင် ၁၉၂၀ ခုနှစ်များရဲ့ အလယ်ခေတ်ထဲမှာ တချို့သော ပုဂ္ဂိုလ်များအနေနဲ့ ကင်မရာကိုကိုင်ပြီး မှန်ထဲက ကိုယ့်ပုံရိပ်ကို ကိုယ်တိုင်ရိုက်ကူးတဲ့ Selfie များရှိပေမယ့်လည်း ကင်မရာကိုင်ပြီး ကင်မရာမှန်ဘီလူးရှိတဲ့မျက်နှာဝကို ကိုယ့်ဘက်ကို ပြန်လှည့်လို့ လက်ကိုရှေ့ကိုဆန့်တန်းကာ ရိုက်ကူးတဲ့ Arm's-length selfie ပုံကတော့ အရှေ့မှာ အဲဒီလိုပုံမျိုး ရှာမတွေ့နိုင်သေး တာကြောင့် Merceau’s Studio က ဓါတ်ပုံဆရာတွေရဲ့ ဓါတ်ပုံဟာ ရှေးအကျဆုံး Selfie ပုံလို့ ဆိုကောင်း ဆိုနိုင်မှာပဲဖြစ်ပါတယ်။ 
.
.
အောက်ခြေမှတ်စုများ
--------------------------
- ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ Selfie လို့ ခေါ်တဲ့ စကားလုံးတစ်ခုကို World of the year အဖြစ် Oxford English Dictionary မှာထည့်သွင်းဖော်ပြဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Selfie ရဲ့ မူလရင်းမြစ်ကတော့ Australian ဘာသာစကားမှဆင်းသက်လာတာပဲဖြစ်ပါတယ်။
.
- Selfie ဆိုတာကတော့ Self-Portrait Photograph ဖြစ်ပြီး ယေဘုယျအနေနဲ့တော့ လက်တစ်ဘက်ကနေ ဒစ်ဂျစ်တယ်ကင်မရာသို့ ဖုန်းကင်မရာကို ကိုင်ပြီး ကိုယ်တိုင်ရိုက်ကူးတဲ့ ဓါတ်ပုံကိုဆိုလိုတာပဲဖြစ်ပါတယ်။
.
.
ကျော်ညိုသွေး
Sources – http://www.fastcodesign.com http://americanhistory.si.edu
.
.
=========================================
(ဖော်ပြပါ စာသားများကို တစ်ပုဒ်လုံးဖြစ်စေ ၊ အစိတ်အပိုင်းတစ်ချို့ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခွင့်မပြုပါ။ ကူးယူဖော်ပြလိုပါက Kyaw Nyo Tway Facebook Page ကို Message ပေးပို့၍ အသိပေးစေလိုပါသည်။)
=========================================

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး