အရေးအသားပြုလုပ်ခြင်းနှင့် အနှောက်အယှက်ကင်းတဲ့ဝန်းကျင်

အရေးအသားပြုလုပ်ခြင်းနှင့် အနှောက်အယှက်ကင်းတဲ့ဝန်းကျင်


နေ့တိုင်းလိုလို စာရေးနေရတဲ့ စာရေးသူတစ်ယောက်နေရာမှာရောက်နေပြီဆိုရင် သူ့ရဲ့ အဓိကလုပ်ဆောင်ချက်က စာရေးတာပဲ။ စာဖတ်တာက ဒုတိယနေရာမှာ
ရောက်သွားပြီ။ စာရေးနိုင်ဖို့ ကြိုးစားလေ့ကျင့်နေတုန်းကတော့ စာဖတ်တာဟာ ပထမနေရာမှာပဲ။ စာတွေကို ကြိုးစားဖတ်မယ်။ စာအစုံဖတ်မယ်။ လေ့လာ
စုဆောင်းမယ်။ စာကိုမဖြစ်မနေရေးနေရပြီဆိုရင် စာဖတ်တာနည်းသွားမယ်။ မနည်းလို့လည်းမရဘူး။ စာကို အဓိကရေးနေရပြီကိုး။ အဲဒီတော့ စာဖတ်ချိန်မှာ ဘယ်စာဖတ်မယ်၊ ဘယ်လိုဖတ်မယ် ဆိုတာနဲ့ ဖတ်သမျှစာထဲက ရနိုင်သလောက် စုပ်ယူနိုင်စွမ်းအားမြှင့်နိုင်သလောက် မြှင့်ပြီး ဖတ်ကြရတော့တယ်။
.
စာရေးသူတစ်ယောက်အတွက် စာရေးဖို့အထောက်အပံ့ဆိုတာ စာအုပ်တွေရှိတာ ၊ စာဖတ်တာကိုပြောတာမဟုတ်ဘူး။ Accessories တွေကိုပြောတာလည်း မဟုတ်ဘူး။ စာရေးဖို့အတွက် အထောက်အပံ့က အာရုံစုစည်းနိုင်မှု အထောက်အပံ့ပဲ။ စာရေးတာဟာ ဘာသာစကားကိုကြားခံထားပြီး ဖန်တီးမှုပြုလုပ်တာပဲ။ အဲဒီအတွက် ဖန်တီးမှုကို အထောက်အကူပြုနိုင်မယ့် စိတ်အခြေအနေ၊ အသိုင်းအဝိုင်း နဲ့ ပတ်ဝန်းကျင်ကောင်းလိုအပ်တယ်။
.
အနည်းဆုံးတော့ ဓမ္မာရုံကနေ မနောသီချင်းကို loop လုပ်ပြီးဖွင့်ထားရင် စာရေးဖို့ စိတ်အနှောက်အယှက်ဖြစ်သေးတာပဲလေ။ ဒါပေမယ့် အဲဒီလို ဆူညံနေတာဟာ စိတ်ကို မထိခိုက်နိုင်ဘူး။ ဒါဟာ သက်မဲ့ ဖြစ်တယ်။ ပြီးတော့ ကိုယ့်မသိစိတ် ကို နောက်ဆံမတင်းစေဘူး။ ဆူညံခြင်းသက်သက်ပဲ။ ဒါပေမယ့် ကိုယ့်ရဲ့မသိစိတ် ကို နောက်ဆံတင်းစေတဲ့ အကြောင်းတရားတွေ ၊ လူမှုရေးအဆင်မပြေမှုတွေနဲ့ ပတ်လည်ဝိုင်းနေပြီဆိုရင် အဲဒီစာရေးသူအတွက် ဘာဖန်တီးမှုမှ ရှေ့ဆက်လို့
မရနိုင်ဘူး။
.
စာဖတ်သူဘဝမှာပဲရှိနေသေးတုန်းမှာတော့ စာဖတ်ခြင်းကနေ စာရေးဖို့ တွန်းအားဖြစ်စေတယ်။ စာကို အဓိကရေးတဲ့သူ တစ်ယောက်ဖြစ် သွား ပြီဆိုရင်
တော့ စာရေးခြင်းကနေ စာဖတ်ခြင်းဆီပြန်သွားကြရတယ်။ စာရေးနေရင်းနဲ့မှ စာဖတ်ချင်စိတ်ဖြစ်တဲ့ အချိန်ကများတယ်။ အဲဒီအတွက် စာရေးဖို့တောင်မှ စိတ်ကြည်လင်လန်းဆန်းမှုမရှိတော့တဲ့အခါ စာဖတ်ခြင်းဆိုတဲ့ဆီကို သွားဖို့ အတော်ကို ခက်ခဲသွားတယ်။
.
စာဆိုတာကလည်း ဖတ်မှဖြစ်မယ်..ဖတ်မှဖြစ်မယ် ဆိုပြီး တာဝန်ကြီးတစ်ရပ်လို ၊ ကျောင်းတုန်းက ဘာမှန်းညာမှန်းမသိဘဲ စာမေးပွဲအောင်ချင်စိတ်နဲ့ နင်းကန် တွန်းကျက်နေသလို စာဖတ်ရင် စာတစ်အုပ်သာဖတ်ပြီးသွားတယ်။ ဘာအကြောင်းအရာဖတ်လို့ ဖတ်မိမှန်းမသိ။ ခေါင်းထဲဘာမှ မဝင်ဘဲ ဖြစ်နေ တတ်တယ်။ ဖတ်ချင်စိတ်ကလေးအရင်းတည်ပြီး ရုပ်ရှင်တစ်ကားကို စိတ်လို
လက်ရ ကြည့်သလို ဖတ်လိုက်ရမှ သိပ်အရသာရှိတဲ့ စာဖတ်ခြင်းဆီ ကို ရောက်တာလေ။
.
စိတ်မပါရင် အပျော်ဖတ်ဝထ္ထုတောင်မှ ဖတ်ပျော်ခြင်းမရှိတော့လောက်အောင်
ဖစ်ရတယ်။ အဓိက ကတော့ စိတ်ပါပဲ။ အနှောက်အယှက်ကင်းတဲ့ စိတ်ပေါ့လေ။ အဲဒါလိုအပ်တယ်။
.
"လက်ရှိ တက်သစ်စ စာရေးဆရာတွေရော၊ စာရေးဝါသနာပါလို့ စာရေးနေတဲ့သူတွေရော ကိုယ်စာရေးတဲ့ဝါသနာကို အကောင်ဖော်နေတဲ့အခါ ကိုယ့်ရဲ့ အသိုင်းအဝိုင်း ၊ မိဘ ၊ သူငယ်ချင်း ၊ ချစ်သူ စတဲ့ သူတွေက ဘယ်လိုမျိုး အထောက်အပံ့တွေပေးနေသလဲ၊ စာရေးသူတစ်ယောက် စာရေးဖို့ ဘယ်လိုအထောက်အပံ့ကောင်းတွေ လိုအပ်သလဲ ဆိုတာ စာရေးတဲ့သူငယ်ချင်းတွေဆီက အကြံဉာဏ်ပဲဖြစ်ဖြစ်၊ ကိုယ်ရတဲ့ အထောက်အပံ့က ဘယ်လိုမျိုးအထောက်အပံ့တွေလဲဆိုတာဖြစ်ဖြစ် ပြောပြတာ သိချင်မိတယ်" လို့ Social Media ပေါ်မှာ မေးကြည့်တဲ့အခါ Facebook Friend တစ်ယောက်က အောက်ပါအတိုင်းဖြေခဲ့ပါတယ်။
.
"ဟုတ်ကဲ့ကျွန်မအမျိုးသားကတော့လက်ရှိမှာ ဘာသာပြန်စာအုပ်တွေရေးနေပါတယ်။ ဂျာနယ်တစောင်မှာလဲအယ်ဒီတာလုပ်နေပါတယ်။ သူ့အတွက်ကျွန်မကိုယ်တိုင်အားပေးမှုကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်တခုနဲ့ နားမပူဖို့ကတော့အဓိကအထောက်အပံ့ အနေနဲ့ပေးထားရပါတယ်။ ကျန်တာတော့သူ့ကို အများကြီးထောက်ပံ့ပေးစရာမလိုပါဘူး" 
.
ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး