ရှင်သန်စိတ်
ရှင်သန်စိတ်ဆိုတာဟာ ဘာလဲလို့ မေးရင် ရုတ်တရက်တော့ ဖြေရခက်ပါလိမ့်မယ်။ ရှင်သန်စိတ်ဆိုတာ ဘာပါလဲ။ ရှင်သန်စိတ်ဆိုတာ ကိုယ်ကိုယ်တိုင်ရှင်သန်ဖို့ အတွက် လုံလောက်တဲ့ အကြောင်းအရင်းပါ။ အဲဒီအကြောင်းအရင်းဆိုတာဟာလည်း လောကကြီးမှာ ကိုယ့်ဟာ နေရာတစ်ခုအတွက် ၊ တစ်စုံတစ်ယောက်အတွက် လိုအပ်တယ်ဆိုတဲ့ အခြေခံစိတ်ကစပါတယ်။ တစ်ခါတလေမှာ လူတွေဟာ ရှင်သန်စိတ်ပျောက်ကြပါတယ်။ လောကကြီးမှာ ငြီးငွေ့စိတ်ဝင်တတ်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ လေလွင့်ပေတေနေတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်များလဲ။ လောကကြီးမှာ ကိုယ်ဟာ အသုံးမဝင်ဘူးလို့ ကိုယ့်ကိုယ်ကိုယူဆတယ်။ ကိုယ့်ကို ဘယ်သူကမှ မလိုအပ်ဘူးဆိုတဲ့ စိတ်မျိုးဝင်လာတယ်။ အဲဒီလိုစိတ်အခြေအနေတွေကြောင့်ပဲ ရှင်သန်စိတ်ဟာ ပျောက်ဆုံးရပါတော့တယ်။ အထူးသဖြင့် တစ်စုံတစ်ယောက်ရဲ့ ပစ်ပယ်ခြင်းကို ခံလိုက်ရတာမျိုး၊ နေရာတစ်ခုကနေ ဖယ်ထုတ်ခံလိုက်ရတာမျိုးစတဲ့ လောကဓံ (၈) ပါးထဲက တစ်ပါးပါးရဲ့ တိုက်ခိုက်မှုကို စိတ်နှလုံးက နာကျင်စွာခံစားရတဲ့ အခါမျိုးတွေမှာပေါ့။ အဲဒီအတွက် နာကျင်စိတ်နဲ့အတူ သိမ်ငယ်စိတ်ဝင်လာတယ်။ ဘဝလမ်းကြောင်းပေါ်တည့်မတ်စွာလျှောက်နေကြတာကနေ လေလွင့်မှုလမ်းသွယ်တွေထဲဝင်ပြီး စိတ်ဟာ မှောင်ရိပ်မှာခိုနားတတ်ကြတ...