ရှင်သန်စိတ်

ရှင်သန်စိတ်ဆိုတာဟာ ဘာလဲလို့ မေးရင် ရုတ်တရက်တော့ ဖြေရခက်ပါလိမ့်မယ်။ ရှင်သန်စိတ်ဆိုတာ ဘာပါလဲ။ ရှင်သန်စိတ်ဆိုတာ ကိုယ်ကိုယ်တိုင်ရှင်သန်ဖို့ အတွက် လုံလောက်တဲ့ အကြောင်းအရင်းပါ။ အဲဒီအကြောင်းအရင်းဆိုတာဟာလည်း လောကကြီးမှာ ကိုယ့်ဟာ နေရာတစ်ခုအတွက် ၊ တစ်စုံတစ်ယောက်အတွက် လိုအပ်တယ်ဆိုတဲ့ အခြေခံစိတ်ကစပါတယ်။


တစ်ခါတလေမှာ လူတွေဟာ ရှင်သန်စိတ်ပျောက်ကြပါတယ်။ လောကကြီးမှာ ငြီးငွေ့စိတ်ဝင်တတ်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ လေလွင့်ပေတေနေတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်များလဲ။


လောကကြီးမှာ ကိုယ်ဟာ အသုံးမဝင်ဘူးလို့ ကိုယ့်ကိုယ်ကိုယူဆတယ်။ ကိုယ့်ကို ဘယ်သူကမှ မလိုအပ်ဘူးဆိုတဲ့ စိတ်မျိုးဝင်လာတယ်။ အဲဒီလိုစိတ်အခြေအနေတွေကြောင့်ပဲ ရှင်သန်စိတ်ဟာ ပျောက်ဆုံးရပါတော့တယ်။ 


အထူးသဖြင့် တစ်စုံတစ်ယောက်ရဲ့ ပစ်ပယ်ခြင်းကို ခံလိုက်ရတာမျိုး၊ နေရာတစ်ခုကနေ ဖယ်ထုတ်ခံလိုက်ရတာမျိုးစတဲ့ လောကဓံ (၈) ပါးထဲက တစ်ပါးပါးရဲ့ တိုက်ခိုက်မှုကို စိတ်နှလုံးက နာကျင်စွာခံစားရတဲ့ အခါမျိုးတွေမှာပေါ့။


အဲဒီအတွက် နာကျင်စိတ်နဲ့အတူ သိမ်ငယ်စိတ်ဝင်လာတယ်။ ဘဝလမ်းကြောင်းပေါ်တည့်မတ်စွာလျှောက်နေကြတာကနေ လေလွင့်မှုလမ်းသွယ်တွေထဲဝင်ပြီး စိတ်ဟာ မှောင်ရိပ်မှာခိုနားတတ်ကြတယ်။


တကယ့်တကယ်တမ်းတော့ ရှင်သန်နေတဲ့ လူတစ်ယောက်အတွက် လောကကြီးက အမြဲလိုအပ်နေပါတယ်။ စိတ်အမှောင်ကျခြင်းကြောင့် တွေးမိတဲ့ "ငါ့ကိုဘယ်သူကမှ မလိုအပ်ဘူး" ဆိုတဲ့အတွေး တွေးလိုက်မိပြီဆိုရင်တော့ "ငါ့ကိုလိုအပ်နေတဲ့သူတွေ ဒီလောကကြီးရဲ့ တစ်နေရာတိုင်းမှာ ရှိတယ်။" ဆိုတဲ့ အတွေးကို ပြင်တွေးလိုက်ဖို့ပါပဲ။ အဲဒီအခါ ရှင်သန်စိတ်ဟာ ပြန်လည်နိုးကြားလာမယ်။ ဘဝသစ်ပင်ဟာ ပြန်လည်စိမ်းလန်းလာမယ်။

 

သင့်ကို ဘယ်သူကမှ မလိုအပ်ဘူးလို့ တွေးမိတဲ့စိတ်ဟာ အမှောင်စိတ်ပါ။ 

အဲဒီအမှောင်စိတ်ရဲ့ တစ်ဘက်ခြမ်းမှာတော့ သင့်ကိုလိုအပ်တဲ့ တစ်စုံတစ်ယောက်၊ တစ်စုံတရာဟာ အမြဲလှပစွာရှိနေပါတယ်။ 


ရှင်သန်စိတ်နဲ့တွေးကြည့်ပါ။ 

ရှင်သန်ခြင်းဟာ ကိုယ်ကိုယ်တိုင်အတွက်မဟုတ်ရင်တောင် အနည်းဆုံးအခြားလိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် လိုအပ်ချက်အနည်းငယ်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။


သင်ဟာ တစ်စုံတစ်ယောက်ရဲ့ စွန့်လွှတ်ခြင်းကို ခံခဲ့ရတယ်ဆိုပါစို့။ သင့်ရဲ့ မေတ္တာဟာ တစ်စုံတစ်ယောက်အပေါ်မှာ မသက်ရောက်နိုင်ဘူးဆိုပါစို့။ ဒါပေမယ့်လည်း သင့်ရဲ့မေတ္တာ၊ သင့်ရဲ့ဂရုစိုက်မှု၊ သင့်ရဲ့တန်ဖိုး၊ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး နဲ့ အကြင်နာစသည်ဖြင့်တွေကို လိုအပ်တဲ့သူ တစ်ယောက်ယောက်ကတော့ ဟောဒီကမ္ဘာကြီးပေါ်မှာရှိနေပါသေးတယ်။ 


ရှင်သန်စိတ်မွေးပါ။ အနည်းဆုံးတော့ သင့်ရဲ့အကြင်နာကို လိုအပ်နေတဲ့ ကလေးငယ်တစ်ယောက်တော့ သင့်ဘေးနားမှာရှိနေနိုင်ပါသေးတယ်။ သင်ဟာ တစ်ကောင်ကြွက် တစ်မျက်နှာလား? ဒါဆိုရင်လည်း သင့်ကိုလိုအပ်မယ့်သူတွေရှိနေနိုင်ပါသေးတယ်။ ဘယ်လိုလူေတွေများလဲ။ အဲဒါကတော့ ပရဟိတအဖွဲ့တွေ ၊ လူမှုရေးအသင်းအဖွဲ့တွေက သင့်ရဲ့ အကျိုးဆောင်မှုကို လိုအပ်နေပါသေးတယ်။ 


ဘုရားစေတီ ၊ ဘာသာရေးဆိုင်ရာနေရာတွေ စသည်ဖြင့် တနေရာရာမှာ စုဖွဲ့ပြီး ပရဟိတလုပ်နေတဲ့ အသင်းအဖွဲ့တွေ၊ တံမြက်စည်းလှည်းနေတဲ့ လူတွေဆီက တံမြက်စည်းတစ်ချောင်းလှမ်းယူလိုက်ပါ။ သင့်ရဲ့လက်ဆီကို သင့်နှလုံးသားထဲက အမှိုက်တွေ ရှင်းထုတ်နိုင်မယ့် တန်ဖိုးရှိတဲ့ တံမြက်စည်းတစ်ချောင်းလှမ်းပေးပါလိမ့်မယ်။ အဲဒီအခါ သင့်နှလုံးသားဟာ သန့်ရှင်းသွားမယ်။ ပြီးတော့ ရှင်သန်စိတ်ဟာ တန်ဖိုးရှိရှိနဲ့ စိမ်းလန်းစိုပြည်လာပါလိမ့်မယ်။ ရှင်သန်စိတ်ကို မွေးပါ။ သင့်ကို လိုအပ်တဲ့တစ်နေရာရာ အမြဲရှိနေပါတယ်။


ကျော်ညိုသွေး

[Facebook ပေါ်မှာတင်ခဲ့ဖူးတဲ့ Post တစ်ခုပါ။ တခြား Blog တစ်ခုက ကူးတင်ထားတာတွေ့လို့ ဒီမှာပြန်တင်လိုက်ပါတယ်။]


Comments

Phoo Phoo Lay said…
ကိုကျော်ညိုသွေး
Where is your FB personal Acc? I can't find you anymore!

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး