ဆင်ခြင်ပါ - ၃


ဘယ်…မသာမျိုးမ မှ ကျူစရာမထင်
တစ်ကယ် ငါဆိုးပြမှ အမူအယာပြင်
နားသယ် မှာ အလျှိုး ကျမှ သူဟာ ကျဉ်။

လူမှာ ရင်ကလေး ထွားစနဲ့ ချော
သူဟာ ဂျင်ကလေး မကျ တကျနဲ့ ပြော
သူဆရာပင် ကလေးမကကွယ့် ဖော။

အကြောပေါင်းတစ်ထောင် အားနဲ့ ကြာ
ဂေါ ခေါင်းဆောင် ထားရမယ့် ကညာ
ဘော ပေါင်းတစ်ထောင် ကစားပြမယ့် မြာ။

အ၀ှာဇာတ်လန်းချင်လည်း လာ
ငါမပြတ် တန်းစဉ် ပဲမှာ
လာ Just Bend! ပင် အမြဲသာ။

မနည်းပါ ပဲအလိမ်ဇတ်တွေနဲ့ နှော
အမြဲသာပဲ  အရှိန်ထပ်နေတဲ့ သဘော
ကဲငါလည်း မလိမ်တတ်လေခဲ့ရော။

သဘောအထာခင်းနေတာတွေက စမူဆာကို အပီသကာလေး သုတ်
မောစရာ အတင်းတွေအချာတွေက အမူအယာကို အီအထာကလေး လုပ်။

အဟုတ်ပါလား ဟန်နီရယ် နင်ပြောတော့ အမှန်အကန် အပြောဆို
အရှုပ်မဟာဇယား ကြံစည်တယ် ရင်သဘောတော့ အကြံအဖန်သဘောကို။

တန်ပြန်သဘောကို မသိဘူးလား ကလေး
အပြန်အလှန်မပြောလို အကြည့်စူးများပေး။

အများသွေးရယ်စရာ မင်းအရှုပ်တွေဖန်စုံ
တအားပြေးဖယ်မှာ အတင်းအစုတ်တွေ ထန်ကုန်။


ရန်ကုန်မှာ ဖယ်ရိုဗစ်လည်း ပေါတယ်ဟ မညာလို
မာန်ဟုန်ကာ တစ်ကယ်အပျိုအစစ်လည်း မောမယ်ကွ မရှာလို။

ငါ့ကိုခင်သေးရင် ပြင်ဆင်ပါကွယ့်ကလေး
ဘ၀ကို နင်တွေးရင် ဆင်ခြင်ကာ အတည့်တွေး။

ကျော်ညိုသွေး

ဆင်ခြင်ပါ - (၁) ကိုတင်ဖူးတယ် ဆင်ခြင်ပါ။ - (၂) ကတော့ တင်ချင်စိတ်မရှိသေးလို့ မတင်ဖြစ်သေးဘူး၊ နောက်တော့ တင်ဖြစ်ပါလိမ့်မယ်။ အခုတစ်ပုဒ်ကတော့ (၃)၊ ကိုယ့်ဘာသာကိုယ် တော်တော်ကြိုက်တယ်။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်။





Comments

ကောင်လိုက်တဲ့ ကာရန်နဘေပဲဗျို့ ....
"ရန်ကုန်မှာ ဖယ်ရိုဗစ်လည်း ပေါတယ်ဟ မညာလို
မာန်ဟုန်ကာ တစ်ကယ်အပျိုအစစ်လည်း မောမယ်ကွ မရှာလို။

ငါ့ကိုခင်သေးရင် ပြင်ဆင်ပါကွယ့်ကလေး
ဘ၀ကို နင်တွေးရင် ဆင်ခြင်ကာ အတည့်တွေး။"

ဖယ်ရိုဗစ်တော့ သောက်ချင်ပေါင်..
ကိုယ်ဖာသာကိုယ် ကြိုက်တယ်ဆိုလို့ တော်တော် သဘောကျသွားတယ်...

ကဗျာက ဖတ်ရတာ စမတ်ကျစရာ...
Mhu Darye said…
ဒါ ၁၆နှစ်အောက် ကလေးများ မဖတ်ရကဗျာ....
ကိုယ်တို့ကတော့ ဖတ်မှာပဲ....
ကဗျာဆရာ ဂွမ်းမဂွမ်းတော့ မသိဘူး.. ကဗျာလေးကတော့ ရေလည် လန်းတယ်နော့်... ^-*

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး