ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

သားရဲ့အလျှားလိုက်နေ့တွေ


ခရစ်စမတ်မှာ Discount ချတဲ့
အင်္ကျီတွေ ဘောင်းဘီတွေ ၀ယ်ချင်တယ်။
ပွဲဈေးတန်းတွေမလျှောက်ချင်ဘူး သားပြောခဲ့ပေမယ့်
အဲ့ဒိလူတွေကြားထဲမျောနေတယ်။

အမေနဲ့အဖေသိလား
ငယ်ငယ်က အရုပ်ဆက်တဲ့ ပြည်ကြီးလုပ် ကဒ်ကလေး
လိုချင်လို့ မပူဆာရဲခဲ့ဘူး။
တစ်နေ့တစ်ကျပ်နဲ့ ကျောင်းမုန့်ဖိုးက
သုံးဆယ့်ရှစ်ကျပ်ပြည့်ဖို့ တော်တော်အားထုတ်ရမယ်။

အခုသားအလုပ်ရပြီလေ
ငယ်ငယ်တုန်းက မ၀ယ်နိုင်ခဲ့တဲ့ ကစားစရာကို
ငေးမောကြည့်ခဲ့ရသလိုမျိုး
တစ်ခြားမ၀ယ်နိုင်သေးတဲ့ အရာတွေကို
ငေးမောကြည့်နေချင်သေးတယ်။

နှစ်တွေကလည်းပြောင်း
ခေတ်တွေကလည်းပြောင်း
မော်ဒယ်အသစ်တွေကလည်း
မောင်ဒယ်တွေဟောင်းကုန်ကြတယ်။
ဒီလိုပဲ
ဆန္ဒအဟောင်းနဲ့...

ဆန္ဒအသစ်တွေကြား
သားတို့ရုန်းကန် လှုပ်ရှားခဲ့ကြတာပဲ။

ငယ်ငယ်က အမေပေးတဲ့မုန့်ဖိုးနဲ့
တစ်နေ့တာ ကြည်လင်ခဲ့ပေမယ့်
အခုတော့...
အင်နာဗွန်စီ မှီဝဲမှ
သားမျက်လုံးတွေ ကြောင်လို့ကြောင်နေခဲ့တယ်။

Google Morning ပါမေမေ
ဒီမနက်လည်း အိပ်ရာထနောက်ကျတယ်
အပေါက်ဝကထွက်တော့
အမေပေးတဲ့ တစ်ထောင်တန်တစ်ရွက်ဆွဲထွက်ခဲ့တယ်။

သားရဲ့အားနည်းချက်က
အားနာတတ်တယ်
ချစ်တတ်သနားတတ်ပြီး
ပါးစပ်ဖျားက ထွက်တော့ ကြမ်းတမ်းတယ်။

အမေတိုက်တဲ့ ဆေးခါးကြီးကို
ကျွန်တော်က မသောက်ချင်ဘူး
လူပါးဝတဲ့ တံဆိပ်နဲ့
ပရိယာယ်မာယာ သာဌေး ရမှာ။
စားထားတဲ့ အစာလေးတွေတောင် အန်ထွက်မှာစိုးတယ်။

ကိုအောင်မင်းသိမ်း ကဗျာထဲကလို
ရှက်တယ်ဆိုတာ
ခက်တယ်လို့ထင်နေတဲ့ကောင်ပေါ့
အစစ်ပေးရင် ပစ်ပြေးတတ်ကြတဲ့ခေတ်ထဲမှာ
သားလည်းအဲ့ဒိမြစ်ထဲမှာ မျောနေတော့တယ်။

ကျော်ညိုသွေး

gravatar
သွယ်လင်းဆက် at December 24, 2009 at 7:14 AM

ကောင်တယ်ဗျ။ ချစ်စရာလေး။ အမေ့ကို ပိုလွမ်းသွားတယ်။

gravatar

အစစ်ပေးရင် ပစ်ပြေးတတ်တဲ့ ခေတ်တဲ့လား
အတုပေးရင်ရော...