ရူပါဒေ၀ီ

ရူပါဒေ၀ီ

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိတယ်။ အဲ့ဒိဘုရင်ကြီးမှာ သိပ်ကိုချောမောလှပပြီး အသားအရည်အားဖြင့်လည်း ၀င်းဝါစိုပြည်ပြီး အိစက်ညက်ညောကာ ဖယောင်းရုပ်ထုလေးလို ခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့ ရူပါဒေ၀ီဆိုတဲ့ သမီးတော် မင်းသမီးလေးလည်း ရှိသတဲ့။ ဘုရင်ကြီးဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အိုမင်းမစွမ်းနိုင်တော့တာကြောင့် တိုင်းရေးပြည်ရာတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဆန္ဒမရှိတော့တဲ့ အခါ သူ့နေရာအစားထိုးဖို့ အတွက် သားယောင်္ကျားမင်းသားလေးလည်းမရှိပဲ သမီးတော်ပဲရှိတာကြောင့် တိုင်းပြည်ကိုလွှဲအပ်ရာမှာ မင်းသမီးအနေနဲ့ မသင့်တော်တာကြောင့် သမီးတော်နဲ့ လက်ဆက်ပြီး နန်းကိုလွှဲအပ်ဖို့ အတွက် သမီးတော်နဲ့ လိုက်ဖက်ပြီး အင်အားနဲ့ပြည့်စုံကြွယ်ဝတဲ့ ကြင်ယာတော်ကို တိုးတိုးတိတ်တိတ် ရှာဖွေခဲ့တယ်။


တိုင်းပြည်မှာရှိတဲ့ မူးကြီးမတ်ရာများရဲ့ သားတော်တွေကိုလည်း သမီးတော်နဲ့ လက်ဆက်ပေးဖို့ရာ စဉ်းစားကြည့်ပေမယ့် မင်းကြီးရဲ့ စိတ်ထဲမှာ ဘယ်လိုမှ သဘောမကျနိုင်ဘူး။ သမီးတော်ကိုလည်း မေးမြန်းကြည့်တဲ့အခါ ချစ်သူ မရှိသေးတာကြောင့် မင်းကြီးလည်းအခက်တွေ့နေရှာတယ်။


မင်းကြီးအလိုအရ လောကမှာ အင်အားကြီးမားဆုံး သူနဲ့ မင်းသမီးလေးကို လက်ဆက်ပေးလိုတာကြောင့် အခက်အခဲတွေ့နေရှာတယ်။ တစ်နေ့တော့ မင်းကြီးလည်း နံနက်စောစောအချိန်မှာ နန်းတော်ရဲ့ နန်းမြင့်မျှော်စင်ပေါ်ကနေ နံနက်ဆည်းဆာကို ခံစားရင်း သမီးတော်လေးအရေးအတွက် စဉ်းစားရင်းမှာ အကြံတစ်ခုရလာပြီး နေမင်းကြီးကိုတိုင်တည်ပြီး သစ္စာဆိုလေသတဲ့။ "ကျွန်ုပ် မင်းကြီးသည် ဤတိုင်းပြည်ကိုစတင် ၍အုပ်ချုပ်သည့်အချိန်မှစ၍ လူအများအပေါ်မင်းကျင့်တရားနှင့်အညီ မျှတစွာအုပ်ချုပ်ခဲ့ပါသည်။ ယခုအချိန်တွင် တိုင်းပြည်ဧ။်နောင်ရေးအတွက် ကျွန်ုပ်ဧ။်သမီးတော် နှင့် လက်ဆက်ကာ နန်းတင်ရမည့် မင်းလောင်းကိုရှာဖွေနေပါသည်။ ကျွန်ုပ်ဧ။်ဆန္ဒအရ လောကတွင် အင်အားအကြီးမားဆုံး သူနှင့်သာ ကျွန်ုပ်ဧ။်သမီးတော်ကို ပေးစားလက်ဆက်လိုပါသည်။ သို့ဖြစ်ပါ၍ လောကတွင် အင်အားအကြီးမားဆုံးဖြစ်သော နေမင်းဧ။် အစောင့်အရှောက်ဖြစ်သော နေနတ်သားနှင့် ပေးစားလက်ဆက်လိုပါသောကြောင့် ကျွန်ုပ်ဧ။် ဆန္ဒကို ဖေါ်ပြလျှက် တောင်းဆို သစ္စာပြုအပ်ပါသည်။" လို့ ဆန္ဒပြု သစ္စာဆိုလိုက်သတဲ့။


အဲ့ဒိအခါမှာ နေနတ်သားကလည်း မင်းကြီးရဲ့အရှေ့ ကောင်းကင်မှာ ရုတ်ချည်းပေါ်လာပြီး " အရှင်မင်းကြီး အဘယ်ကြောင့် ကျွန်ုပ်နှင့် ရူပါဒေ၀ီ မင်းသမီးကို ပေးစားလက်ဆက်ပေးလိုရသနည်း ကျွန်ုပ်သည်ကား လောကတွင် အင်အားအကြီးမားဆုံးမဟုတ်သေး။ ကျွန်ုပ်ဧ။်အစွမ်းဖြင့် တစ်လောကလုံးကို အပူဖြင့်လွှမ်းနိုင်သည်၊ အလင်းများပေးစွမ်းနိုင်သည်ကား ဟုတ်ဧ။် သိုသော်ငြားလည်း ကျွန်ုပ် တတ်နိုင်စွမ်းအားများကို ရပ်တန့်စေနိုင်သော သူတစ်ယောက်ကား ဤ လောကတွင် အသေအချာပင် တည်ရှိပါဧ။်"


ဤသို့ နေနတ်သားက ပြောဆိုသောအခါ မင်းကြီးမှာ အံအားသင့်သွားလေဧ။် "လောကတွင် နေနတ်သားကိုပင် အနိုင်ယူကာ အင်အားကြီးမားနိုင်သောသူမှာမည်သူများနည်း" ဟု မင်းကြီးက မေးမြန်းလေသောအခါ "ဤသူကား အခြားမဟုတ် တိမ်များကို စောင့်ရှောက်အပ်သော တိမ်စောင့်နတ်သားပင် ဖြစ်လတ္တံ" နေနတ်သားကဆိုလေသည်။ ထို့ကြောင့်မင်းကြီးလည်း ယခင်နည်းအတိုင်း တိမ်စောင့်နတ်သားအား သမီးတော်နှင့် လက်ဆက်မှု့ကို လက်ခံပါရန် တောင်းဆိုလေဧ။်။


ဤတွင် တိမ်စောင့်နတ်သားကလည်း "အရှင်မင်းကြီး ကျွန်ုပ်ဧ။်အစွမ်းမှာ နေမင်းဧ။်အလင်းကိုမှိန်ဖျော့စေနိုင်သော်လည်း ကျွန်ုပ်မတတ်စွမ်းသဖြင့် အားမတန်မာန်လျှော့ရသော သူတစ်ယောက်လည်း အသေအချာပင် ဤလောကတစ်ခွင်တွင်တည်ရှိနေပါဧ။် ထိုသူမှာ အခြားမဟုတ် လေဧ။်အရှိန်ကို မောင်းနှင်သော လေစောင့်နတ်မင်းပင်ဖြစ်လေဧ။်"ဟု ပြောပြန်သဖြင့် လေနတ်မင်း ကို မင်းသမီးနှင့် ပေးစားရန်အတွက်လျှောက်ထားသောအခါတွင်လည်း လေစောင့်နတ်သားက
" မိမိထက်ကြံ့ခိုင်သူမှာတောင်များကို စောင့်ရှောက်အပ်သော တောင်စောင့်နတ်မင်းပင် ဖြစ်လေဧ။် အရှင်မင်းကြီးဧ။် သမီးတော်အတွက် ကြင်ယာအဖြစ် သင့်တော်သော အင်အားကြီးမားသော တောင်စောင့်နတ်မင်းနှင့်သာ ထိမ်းမြားစေလိုပါသည်"

ဟုဆိုပြန်သည်။ထိုအခါမင်းကြီးလည် တောင်စောင့်နတ်မင်းထံထပ်မံ၍ချဉ်းကပ်ကာ သမီးတော် ရူပါဒေ၀ီ ကို လက်ဆက်ပေးရန် အတွက် ပြောဆိုကမ်းလှမ်းသောအခါတွင်လည်း တောင်စောင့်နတ်မင်းက ဤသို့ဆိုပြန်ခဲ့လေသည်။

"အရှင်မင်းကြီး ကျွန်ုပ်သည် အရှေ့က မင်းကြီးပြောဆိုသမျှကို သေချာ နားထောင်သုံးသပ်အပြီးတွင် ကျွန်ုပ်ကိုယ်ကိုယ် အင်အားကြီးမားသည်ဟုလည်းခံယူမိပါသည်။ အရှင်မင်းကြီးဧ။်သမီးတော်ဖြစ်သော ရူပါဒေ၀ီ သည်လည်းပဲ ကျွန်ုပ်ဧ။် ကြင်ယာအဖြစ်မက်မောစရာ ရိုးသားရဲရင့်သော အချောအလှကညာတစ်ပါးအဖြစ် ထိမ်းမြားရန် အတွက် အလွန်ပင် အဖိုးတန်လှပါသည်။ သို့သော်လည်း ကျွန်ုပ်တောင်စောင့်နတ်မင်းသည် လိမ်ညာဖြားယောင်း၍မဟုတ်မမှန်ပြုကာ ရူပါဒေ၀ီမင်းသမီး ကိုမသိမ်းပိုက်လို ကျွန်ုပ်စွမ်းဆောင်မှု့သည် လေစောင့်နတ်မင်းကို သာလွန်နိုင်သော်လည်း ကျွန်ုပ်စောင့်ရှောက်အပ်သော တောင်များကို ဟိုဘက်ဒီဘက် ထိုးဖောက်သွားနိုင်သော ဤတောင်တစ်ဝိုက်ရှိ ကြွက်အပေါင်းကို အုပ်စိုးသော ကြွက်မင်းသည်သာ ကျွန်ုပ်ထက်ပို၍ အင်အားအရာတွင်သာလွန်လေသောကြောင့် ကြွက်မင်းနှင့်သာ မင်းသမီး ရူပါဒေ၀ီကို ထိမ်းမြားလက်ဆက်ကာ တိုင်းပြည်ကိုအပ်နှင်းသင့်ကြောင်း"

တောင်စောင့်နတ်မင်းက ပြောဆိုလေသည်။ ထို့ကြောင့်မင်းကြီးလည်း တောင်စောင့်နတ်သားဧ။်ညွှန်ကြားချက်အရ ကြွက်မင်းကိုတွေ့ဆုံ၍ အရှေ့အရှေ့က သူများနှင့်ပြောဆိုမှု့များကိုပြန်လည်ပြောပြကာ မိမိဧ။်တိုင်းပြည်အတွက် မိမိအာဏာကိုလွှဲပြောင်းရယူရန်အတွက် မင်းသမီး ရူပါကို ကြွက်မင်း နှင့်ထိမ်းမြားလက်ဆက်ရန်ပြောကာ ကြွက်မင်းကလည်းလက်ခံ ကာ ရူပါဒေ၀ီဧ။် သတင်းကြီးပုံနှင့် အလှအပကို မက်မောနှစ်ခြိုက် ကာ မေတ္တာသက်ဝင်ကြောင်းသိရှိရသဖြင့် မကြာမီတွင်ပင် ကြွက်မင်းသားလေးနှင့် ရူပါဒေ၀ီတို့ဧ။် လက်ထက်ပွဲကို တိုင်းပြည်တွင်ခြိမ့်ခြိမ့်သည်း ကျင်းပကာ ကြွက်မင်းသားလေးမှာ တိုင်ပြည်ဧ။်ဘုရင်တစ်ဆူဖြစ်လာပြီး။ မင်းသမီးရူပါဒေ၀ီသည်လည်း ကြွက်မင်းဧ။် မေတ္တာနှင့် ငြိမ်းချမ်းစွာတည်ရှိလေသည်။


ကျော်ညိုသွေး

(ps : ငယ်ငယ်တုန်းက အဖေရဲ့ပါးစပ်ထဲရှိရာ ပြောပြတဲ့ ပုံပြင် တစ်ပုဒ်ကို Version ပြန်ပြောင်းထားတာပါ။ ကိုယ့်ဘာသာကိုယ်ရေးပြီး တော်တော်ကြိုက်နေတယ်။ ရေးထားတာတော့ကြာနေပြီ။)

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး