အမှားကျင့် ကျင့်

တက္ကလာသူ၊ မူပိုပိုနွဲ့၊ ခါးလှည့်ကစား
ကျိုးများထင့်မိ၊ အိသည့်အသား၊ ပါးဝင်ဝင်းမွတ်
တွတ်တာတီမြွက်၊ ဆက်ရက်စကား၊ သက်ပင့်မှားပြန်။
ဟန်များပွေလျှက်၊ ထက်မာန်ပြင်းရှ၊ ဘ၀မှားနေ
စကားကြမ်းရ၊ တက္ကသီလာ၊ ဤကမ္ဘာမင့်။
ပြာရင့်ဖြူတွဲ၊ လူလည်းလှလှ၊ ခဏတာဝယ်
သူငယ်ဖော်နှင့်၊ အတင့်အရဲ၊ သည်းထက်ချီလျှက်
လက်မခြားချိတ်၊ အိပ်လျှက်လက်ရုံး၊ အုံးစက်ကာထား
မယားနှင့်လင်၊ ကြင်ဘိလျှင်သို့၊ ပညာသင်ဖို့
ကိုယ့်အိမ်မှထွက်၊ အပျက်သိက္ခာ၊ စိတ်မာယာနှင့်
ဆိပ်သင့်လေပြီ၊ မပီမပြင်၊ ပညာသင်သား
လင်းမယားသွင်။

ကျော်ညိုသွေး

Comments

ကဗျာ လေးက အလိုလိုက်တတ်တဲ့ ကောင်မလေးတွေ ဒါမမဟုတ် ကိုယ့်သိက္ခာကိုယ် တန်ဖိုးမထား ကောင်မလေး တွေအတွက်ထိမှာပဲ။ ပြုပြင်ကြရင် တော့ကောင်းမှာပဲဗျာ
နန်း said…
ကဗျာတွေကောင်းတယ်
ဟားးးဟားးးဟုတ်ပဗျာ.။ ကျောင်းလာတက်တာ အခုခေတ်မှာ သိပ်ပြီးပျော်စရာကောင်းတယ်ဆိုပဲ။ ပညာလည်းရ ကလေးလည်းရ..အဲ..ဟုတ်ပေါင်။

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ဘီယာကို ဘာကြောင့် ဖန်ခွက်နဲ့ထည့်ပြီး သောက်သင့်တာလဲ?