သက်သက်ခိုင်

သက်သက်ခိုင် 
  
တစ်ခုတည်းရှိတဲ့ သဘာဝတရာကြီးရဲ့…
အောက်မှာ
ကောင်းကင်နဲ့ မြေပြင်
ရေပြင်နဲ့ ကုန်းမြေတွေ အကြောင်း
အတ္တတွေ ကြောင့်လည်း စာလုံးပေါင်း မမှားချင်ဘူး။

ဖွင့်ထားတဲ့ တံခါးပေါက်တွေနဲ့
ပိတ်ထားတဲ့ တံခါးပေါက်တွေကြားက
စကားဝှက် ဟာလည်း တစ်ခုတည်းရှိရဲ့။

သစ်ပင်တွေရဲ့ တွေးခေါ်မှုဟာ
ဘယ်လိုမျိုးပါလဲ…
ချိုမြိန်အရသာ ပေးစွမ်းတဲ့ သစ်သီးဝလံတွေရဲ့
အတွေးအခေါ်ဟာ ဘယ်လိုမျိုးပါလဲ…။

ဝါဂွမ်းတွေကြောင့်
ကိုယ်တို့ အရှက်ကြီးခဲ့ ရတာလည်း
တစ်မိုးအောက်က
အလှပဆုံး တေးကဗျာပါပဲ။

နှင်းဆီပန်းတို့ ပွင့်ဖူးကြတာနဲ့
ကျေးငှက်တို့ တေးသီကျူး ကြတာလည်း
ဒီထက်ပို အဖြေရှာဖို့ မလိုတော့…
ကိုယ်တို့ရဲ့ လက်နဲ့ပဲ
မြေဆီလွှာတွေ တူးဆွ ကြပါစို့။                      ။
 
ကျော်ညိုသွေး

Comments

June Moe said…
ကဗျာစာလုံးတွေ လန်းတယ်ဗျာ...ကြိုက်မိတယ်

ခင်လျက်
ဂျွန်မိုး
ူး) သက်သက်ခိုင်သိအောင်ဆုတောင်းပေးရမှာလားဗျာ့

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး