ဂျမ်းဘုံမ သို့…
ဂျမ်းဘုံမ သို့… ဒီအစိုးရကလည်း.. ဟိုအစိုးရပါပဲ ဆိုတဲ့ တယူသန် အကြောင်းပြချက်နဲ့ နင်ကလည်း အဲဒီမှာပဲ ဆက်နေ။ အီလက်ထရောနစ် ပစ္စည်းတွေကလည်း တစ်နေ့ထက်တစ်နေ့ အလွမ်းသီချင်းတွေကလည်း တစ်ပုဒ်ပြီး တစ်ပုဒ် အသစ်ထွက်နေ။ အိမ်မှာ မွေးထားတဲ့ ခွေးမ ကလည်း တစ်သားပြီးတစ်သား နင်ထွက်သွားတုန်းက မွေးတဲ့ အငယ်ဆုံးခွေးလည်း အိမ်ထောင်ရက်သားကျပြီ။ နင်ပါဖူးခဲ့တဲ့ ဇာတ်ကားထဲက ခေါင်းဆောင်မင်းသားလည်း အကယ်ဒမီရပြီ။ ငါက စိတ်ပေါက်ပေါက် ရှိတိုင်း… “ကောင်မလေးရယ်… ည ရောက်တိုင်း မည်းမှောင်နေတဲ့ ကောင်းကင်ကြီးကို နင့်မျက်လုံးတွေ ခဏ ငှားလိုက်ပါဟာ” “တုံးတိုက်တိုက် ကျားကိုက်ကိုက်ပေါ့ နင့်ပါးပြင်မို့မို့မှာ… ကိုယ့်သစ္စာ လယ်ယာတစ်ကွက် ထွန်ယက်ပါရစေ…” ဆိုပြီး… အဲဒီလို ပေါတောတော ကဗျာတွေနဲ့ နင်နေတဲ့ စကာင်္ာပူကို ခဏ ခဏ လှမ်းသရော်မိတယ်။ အေး… နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ပေမယ့် စာရွက်ဖြူဖြူပေါ် အဲဒီနှမ်းတစ်စေ့ကို တင်ပြီး နင့်လက်သန်းနဲ့ ဖိကြည့်လိုက်တိုင်း စိမ့်ထွက်လာမှာက ငါ့မျက်ရည်တွေ ဟ ငါ့မျက်ရည်တွေ…။ ဒီကဗျာကို ရေးပြီး ဟိုဟိုဒီဒီ မဂ္ဂဇင်းတွေကို ပို့ကြည့်တော့ “ကဗျာက ရည်းစားစာ...