ဂျတ်ဇ်တေးသွားတွေ ဆွေးသွားမယ့်အကြောင်းတရား

ဂျတ်ဇ်တေးသွားတွေ ဆွေးသွားမယ့်အကြောင်းတရား



ကိုယ်က ဖုန်းမဆက်ရင်၊ မက်ဆေ့ခ်ျလေးတစ်ကြောင်းတောင် မပို့ရင်
ငါ့စိတ်တွေကိုသူ့အပေါ် နည်းနည်းလေးမှမကိုင်းရင်
သူ့ စိတ်ဆိုးမာန်ဆိုးအပြုအမူတွေကို အသိအမှတ်မပြုရင်
သူ့လက်ဆောင် ကဗျာလေးကို တို့ထိမကြည့်ရင်
အီးလ်မေးလ်ထဲ စကားလုံးလေးတစ်လုံးမှ ပေးကမ်းမစွန့်ကြဲရင်
သူ့ကို စိတ်ဆိုးနေကြောင်းမပြတော့ရင်
သူပေးခဲ့တဲ့ ဒစ်ဂျစ်တယ်လ် အိမ်မက်လေးတွေ ပြန်မပြောတော့ရင်
သီချင်းရယ် ၊ ပန်းရယ်  အဲဒီနေ့က အသံလှိုင်းလေးတွေရယ်
သူ ညလုံးပေါက် မအိပ်ရသေးတဲ့အကြောင်း ပြန်ပြောပုံရယ်
သူ့ကို သနားမိတဲ့ ကျောင်းပိတ်ရက်ကလေးရယ်
နေကြာပန်းတွေလို သူမျှော်နေပုံကို သူပြန်မေ့သွားရင်
သူ့ရဲ့ ရည်းစားဟောင်းတွေ ကြောင့် စိတ်ညစ်ရတာကို
ပေါက်ကွဲမပြတော့ရင်
အမိန့်ပေးစေခိုင်းပုံမျိုးနဲ့ အနိုင်မကျင့်တော့ရင်
သူ့လက်မှာပေါက်တဲ့ ကြွက်နို့အကြောင်း မပြောတော့ရင်
ကိုယ့်ဆီ ဖုန်းဆက်ဖို့ သူ သိပ်ရှက်ရွံ့ နေခဲ့ရင်
အိုင်ဖုန်း တွေ အသစ်ပေါ်ခဲ့ရင်
အိုင်ဖုန်း ကလုန်းနဲ့ အိုင်ဖုန်း အော် တို့ ခွဲခြားရခဲ့ရင်
(ခွဲခြားရကြောင်း သတင်းတစ်ခုပါလာရင်)
တစ်ချို့ ပင်လယ်ကူးသင်္ဘောတွေ ကမ်းဆိုက်ခဲ့ရင်
အိပ်တန်းပြန်ငှက်တို့ အသိုက်ကို ရှာတွေ့ခဲ့ရင်
Home Sweet Home စာသားလေး ကနေ ထူးအိမ်သင်သီချင်းသံ တစ်ချို့ ကြားရရင်
ကန်းထရီးဖော့ လက်ခတ်လေး ညှိုးမှိန်သွားရင်
စိန်ကောင်း ကျောက်ကောင်း ရောင်းဝယ်တဲ့အခါ
မြိန်ယှက်စေတဲ့ ခံတက်ရွက်တွေလည်း လေမှာလွင့်ဝဲသွား
ကိုယ်လက် အဆစ်အမြစ်တွေ ကိုက်ခဲတဲ့အခါ
ခံတက်ရွက် သတ္တုရည်ကို မီးနွေးနွေးနဲ့ နွေးစေပြီး
ကိုက်ခဲတဲ့နေရာ လိမ်းပေးပါ။
သိမ်းထားထားပါသော အမှတ်တရ အမှိုက်များ သူစွန့်ပစ်ခဲ့ရင်
ဥာဏ်ကိုသုံးပြီး ကိုယ်က ရွေးချယ်မှု တစ်ခုပြုလုပ်ခဲ့ရင်
အချိန်ကြာတာနဲ့အမျှ ပီကေ သူ့အား ညောင်းညာ ခါးနေစေရင်
တစ်ခါကဆိုတာ...
ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းတရာပါလို့ တရားချ ဖြေသိမ့်တတ်ခဲ့ရင်။
နောက်တော့................။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး