အင်္ကျီသစ်

အင်္ကျီသစ်

ကံစမ်းမဲပေါက်ချင်တယ်။
Junction Center မှာ ဈေးဝယ်ဖူးချင်တယ်။
မင်္ဂလာဒုံလေဆိပ်ကိုရောက်ဖူးချင်တယ်။
Demo သွင်းချင်တယ်။
ပုဂံကိုရောက်ဖူးချင်တယ်။
ဝက်သားပြားကင် စားချင်တယ်။
ရေမုန့်စားချင်တယ်။
အညာက မုန့်လင်မယား စားချင်တယ်။
ချိစ်ဟမ်ဘာဂါစားချင်တယ်။
ဇီးရိုးကွာတား ၀တ်ချင်တယ်။
ကော်ဖီဆိုင်ဖွင့်ချင်တယ်။
Broadcasting Media မှာသွားပြီး စာလုံးပေါင်းသတ်ပုံအမှန်
သင်ကြားရေးဆရာ လုပ်ချင်တယ်။
စာလည်းမဖတ် ၊ မှတ်ထားတာလည်းမရှိ
တီဗွီလည်းမကြည့်
ခေါင်းစဉ်အကြီးကြီးပေးပြီး
ဆောင်းပါးရေးချင်တယ်။
အခုတလော အကြံရတာနဲ့
Hints တွေပေးထားတဲ့ စာစီစာကုံးတွေကိုရေးနေတယ်။
"မမေ့နိုင်သော နေ့တစ်နေ့"
"နွေရာသီကျောင်းပိတ်ရက်ကလေးများ"
"စိန်ခြူးရယ်တဲ့ ကြာ..ညောင်" အဲ့လေ မှားလို့
"စည်းကမ်းသည် လူဧ။်တန်ဖိုး"
"အောင်မြင်ခြင်းဆီသို့"
"အချိန်မှန် အိပ် အချိန်မှန်စား"
"လုံ့လစိုက်ခြင်းဧ။် အကျိုး"
အပြစ်ပြောတတ်ပြီ
ခေါင်းစဉ်အကြီးကြီးပေးချင်တယ်။
ပုလင်းလေးထဲမှာပဲ နေပါတဲ့ လိပ်ပြာလေးရယ်
တစ်နေ့နေ့တော့
ကော်ဖီဆိုင်ဖွင့်ချင်တယ်
အညာနွေရက်ကလေးများ ရယ်
စာစီစာကုံးရေးမယ်ကွယ်။


ကျော်ညိုသွေး

Comments

ဒီကဗျာဖတ်ပြီး ရှော့ပင်းမထွက်ဖြစ်တဲ့ ကိုယ့်အဖြစ်ကို ပြန်သတိရမိတယ်
အပြောင်းအလဲ ... အပြောင်းအလဲ ဆိုတာတွေ ရဲ့ အနံ့တွေ ရလိုက်သလိုပဲ ... ။ ဖြေးဖြေးမှ ကဗျာတွေ ထပ်ဖတ်ဖြစ်ပါဦးမယ် ... ကိုကျော်ညိုသွေး ခင်ဗျား ...

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး