Slow Rock
 Slow Rock    နင့်ကို ငါမုန်းတယ်။  ဘယ်လောက်ထိ မုန်းသလဲသိလား  တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ  ရင်ထဲက တဆစ်ဆစ်ဖြစ်ပြီး  ဓါတ်အားမျှင်းမျှင်းလေးတွေ ဖြတ်စီးနေသလို။   သွေးသားထဲက  ကျင်နေတဲ့ ခံစားမှုနဲ့  အရမ်းလေးနက်စူးရှတဲ့ ဂီတသံကို တီးခတ်ရတဲ့အခါ  ခံစားမှု မြင့်လာတဲ့ ဂစ်တာသမားတစ်ယောက်ရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာထားက  ဂီတ ရဲ့ သွေးသားထဲ ပြုစားထားခံထားရတဲ့ ခံစားမှု လို။   အဲဒီလို တစ်ကိုယ်လုံး ကို ဂီတ တစ်ခုက  လှည့်ပတ်မွှေနှောက်နေတဲ့ ခံစားမှုအရှိန်နဲ့  စီးဝင်ပူးကပ်ပြီး သွေးတွေထဲ စီးဆင်းနေသလို  နင့်ကိုငါမုန်းတယ်။   အဓိက က မုန်းတယ်  မုန်းတယ်။  ရိုးရိုးသားသားတောင် မဟုတ်ဘူး  ဆန်းဆန်းပြားပြားကို မုန်းတယ်။  အဲဒီလောက်တောင် ဖွဲ့ နွဲ့  ပြီး မုန်းတယ်။   အချစ်တွေကို ကျူးရင့် သီဆိုနေသလို  ငါကလည်း နင့်ကို အနုပညာမှော်ဆန်စွာနဲ့ မုန်းတယ်။  အမုန်းကိုစာဖွဲ့ပြီးတော့တောင် မုန်းတယ်။   ငါ က ဂီတ ကို ဆာလောင်လာတဲ့အခါ  နင့်ကို မုန်းတဲ့ အမုန်းတွေကို  ဖလက်တံရဲ့  တက်ပ် တွေထဲ မြုပ် လို့  တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံနဲ့  ရစ်သမ် ကိုက်ပြီး  စိုက်လိုက် မတ်တပ် မုန်းတယ်။     သိလား   ချစ်တတ်တဲ့ သူက   ကိုယ်ချစ်တဲ့ သူဆီက အချစ်တွေ ...