ပြည်သူတွေ အကျိုးအတွက် မျှော်ကိုးပြီး ရေးတဲ့ ကဗျာ


ပြည်သူတွေ အကျိုးအတွက် မျှော်ကိုးပြီး ရေးတဲ့ ကဗျာ


ကျွန်တော် ရေးသမျှ စာတွေ ၊ ကဗျာတွေ ၊
ဆောင်းပါးတွေ အက်ဆေးတွေက
ပြည်သူ တွေ အတွက် ရည်ရွယ်ပါတယ်။
ကျွန်တော့် စိတ်အတွေး ဟာ
ပြည်သူ့ အကျိုးအတွက်
အသုံးချခံ ကိရိယာပဲပေါ့။
ပြည်သူတွေ တစ်ရပ်လုံးအတွက်
ကျွန်တော့် အတ္တတွေကို
မျှော်လင့်ခြင်းကွင်ပြင်ရဲ့ အဆုံးမှာ မြုပ်နှံထားတာ
အားလုံး အသိပဲ ဖြစ်ပါတယ်။
ကျွန်တော်ရေးသားခဲ့သမျှတွေ နဲ့
ကျွန်တော်  ဖန်တီးခဲ့တဲ့ အနုပညာတွေ  အားလုံးဟာလည်း
ပြည်သူတွေ အကျိုးကို မျှော်ကိုးပြီး ရေးတဲ့စာတွေ နဲ့
ပြည်သူတွေ အတွက် အနုပညာတွေ  ပဲဖြစ်ပါတယ်။
ကျွန်တော့် အနေနဲ့ ပြည်သူ တွေကို အမြဲအာရုံစိုက်လျှက်ရှိပါတယ်။
ပြည်သူတွေ ကြားထဲမှာပဲ ကျွန်တော့် ဘ၀ကို ထားရှိပါတယ်။
ကျွန်တော့် နှလုံးသားထဲမှာ
ပြည်သူတွေ ကို မေတ္တာအပြည့်နဲ့ ပေးဆပ်ချင်နေပါတယ်။
ပြည်သူ တွေကို စေတနာ ထားပြီး
ကျွန်တော် အလေးထားလျှက်ရှိပါတယ်။
ပြည်သူတွေ ကို ကျွန်တော် ချစ်ပါတယ်။
ပြည်သူတွေ နဲ့ ကျွန်တော် ရင်ဘတ်ထပ်တူ ကျချင်တယ်ဗျာ
ဘာလို့ဆို ပြည်သူတွေ အတွက်ဆိုရင် ကျွန်တော် ပေးဆပ်ချင်စိတ်နဲ့
ရင်တွေ ခုန်ခုန်လာတယ်။
ကြည့်လိုက်ပါ။
ကျွန်တော့် ကဗျာတွေဟာ ပြည်သူတွေ အတွက်ဆိုတဲ့ စိတ်နဲ့
ရေးထားတာကြောင့် အမြဲတမ်း နွေးထွေးနေတယ်။
ပြည်သူတွေ အတွက် ကျွန်တော် ပင်ပန်းခဲ့သမျှ
ပြန်ကြည့်လိုက်ရင် သိပ်ကို အမောပြေတယ်။
ကျွန်တော့် လုပ်ဆောင်ချက် တိုင်းဟာ  
ပြည်သူ့ အကျိုး ဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ခဲ့တဲ့ အတွက်
ကျွန်တော် ပီတိဖြာခဲ့ရတယ်။
ဘယ်အချိန်မဆို ကျွန်တော့် စိတ်နှလုံးက
ပြည်သူ တစ်ဦး တစ်ယောက်ချင်းစီ အတွက်
စိတ်ကို ထည့်ထားပါတယ်။
စိတ်ကို နှစ်ထားပါတယ်။
နံပါတ် တစ် သည် ပြည်သူ့ အတွက်
နံပါတ် နှစ်သည် ပြည်သူ့ အတွက်
နံပါတ် သုံးသည် ပြည်သူ့ အတွက်
ပြည်သူ တွေ အတွက် ပေးဆပ်ထားတယ်ဗျာ။
ကျွန်တော့် အကျိုးထက် ပြည်သူ တွေ အကျိုးကို
ပိုပြီး တန်ဖိုးထား မြတ်နိုးတယ်။
ကျွန်တော် စိတ်အရင်းခံကိုက ပြည်သူတွေကို မြတ်နိုးတတ်တယ်လေ။
ပြည်သူတွေ အတွက်ဆိုရင် ကျွန်တော့် စိတ်နှလုံးက
အလိုလို နူးညံ့သိမ်မွေ့လာတယ်။


ဘာလို့ဆို ကျွန်တော်က ပြည် က မလိုင်လုံးလေး တွေကို သိပ်ကြိုက်တယ်လေ။
ပြည်သူလေး တစ်ယောက်လောက် ရရင်တော့
သူနဲ့ လက်ထပ် ပြီး
ပြည်မလိုင်လုံးတွေ အမုန်းဆွဲမယ်ဗျာ။
ဘာပဲဖြစ်ဖြစ်
ပြည်သူတွေ ကို ကျွန်တော် ချစ်ပါတယ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး