ဖြူဖြူ - ၄

ဖြူဖြူ - ၄


ချစ်လွန်းတဲ့ နင့်မျက်နှာလေး မကြည့်ရပင်မဲ့ စာကို ငါလွန်း လွန်းလို့ မိဥ ကို ထည့်လွှတ်လိုက်တယ်။ နင်ဖက်ဖို့။ နင့်ကိုငါ လွှတ်ကြိုက်တာပဲ မိဖြူရာ။ နင့်စကားပြောတာတွေ ၊ နင့် လမ်းလျှောက်ပုံတွေ မျက်လုံးထဲကဖြစ် မထွက်ဘူး။ ဦးတုတ်ကြီးတို့ ဆိုင်မှာ နင်ဆတ်ပြာဝယ်နေတုန်း ငါနောက်ကနေ ခိုးကြည့်နေခဲ့ရတာ။ နင့်ကိုမြင်တိုင်း ငါ့စိတ်ထဲမှာ ဘယ်လိုကြီးမှန်း မသိပါဘူးဟာ။ နင့်ကို ငါ့ မိန်းမဖြစ်စေချင်တာဘဲ ။ နင့်ကိုငါ လူကြီး နဲ့ ကန်တော့ပွဲ နဲ့ လာတောင်းချင်တာပဲဟယ်။ ဒီတခါ စပါးပေါ်ရင် နင့်ကိုငါ ငါ့အိမ်အပါ ခေါ်ထားချင်တော့တာပဲ မိဖြူရယ်။ ငါက ဒီတစ်ခါ လုပ်ရင် အပြီးလုပ်မှာ။ စိတ်သိတ်မရှည်ဘူး။ နင်သိပ်လှတာဘဲ မိဖြူ ။ ငါ့ နင့်အကြောင်းတွေးတိုင်း စိတ်ကူးထဲမှာ မီးခိုးအူနေရတယ်။ ဟဲဟဲ ငါ့ကို အဲဒါ ငစိုးသင်ပေးတာလေ။ သူလည်း ဝတ်ထုထဲက ကြက်ထားတာတဲ့။ နင်သိပ်လှတယ် မိဖြူ။ နင့်ကို အဟုတ်ကြီး ကြိုက်တာဟ ။ညည ငါ အိပ်မပျော်ဘူး နေတယ်။ တကယ်ကြိုက်တယ်။ နင့်ကို လွှတ်ကြိုက်ပဲ မိဖြူ။ ဒီရွာထဲ က မိန်းမတွေ အားလုံးထက် နင်က အလှကြီး လှတယ်။ ကွမ်းတောင်ကိုင်တဲ့ တင်တင် တို့များ ဖင်ကြီးတာပဲ ရှိတယ်။ မျက်နှာမှာ ဝက်ခြံတွေ ခုပေါက်နေပြီ။ နင် နဲ့ ငါ လင်မယား လုပ်ကြရင် နင့်ကို ငါ ရှာကျွေးမှာမှာ ။ တသက်လုံး ရှာကျွေးမှာ။ နင် ဇိမ်ကျအောင် ငါ လုပ်ကျွေးမှာပါ မိဖြူ။ နင့်ကို ဘုရားသွား၊ ကျောင်းတက် တိုင်း နင့်လူအဖြစ်နဲ့ ငါဖြစ်ချင်နေတာပါဟယ်။ နင့် အဘ က သဘောမတူရင် နင့်ကိုငါ ခိုးပေါင်းမှာ ။ ချက်ကြီးလေ...ချက်လည်း ကြီးသလို အချစ်လည်း ကြီးတယ် မိဖြူ။ ဒွေးလေး မသိအောင် ငါစုထားတဲ့ စုဗူး ရှိတယ်။ ငါ နင့်ကို မင်္ဂလာဦးမှာ အလုံးကြီးကြီး နဲ့ တစ်ကျပ်သား ကြိုး ဆင်ပေးချင်လို့ပါဟာ။ ငါကတော့ နင် မှ နင်ပဲ မိဖြူ။ ဟိုနေ့က ရွာအနောက်ဘက်မှာ ငါ ထန်းတောဘက် ရောက်တော့ မောင်ဘုန်းတို့ နင့်အကြောင်း ပြောတာ ငါကြားလိုက်တယ်။ ရန်မဖြစ်ပါနဲ့ ဆိုလို့သာ ငါ ဒီတိုင်း ပြန်ခဲ့တာ။ သူတို့ ရိသဲ့သဲ့ လုပ်ရင် ငါ့ကို ပြော မိဖြူ။ ရီးသီးရားသား လုပ်လို့ကတော့ ခေါင်းကွမ်းစားသွားမယ်မှတ်။ ဂျတ်ကီခြမ်း ကား ကြည့်တာ အလကား ကြည့်တာမဟုတ်ဘူး။ ဘောကြီးတို့ ရုန်မှာ ၂ ကျပ်ပေးကြည်း တာ။ နင်လည်း ငါ့ကိုပဲ ကြိုက်ရမယ်နော်။ နင် ကြိုက်အောင် ငါနေတယ်။ ငါ့မှာ နင်ကလွဲလို့ နင်ပဲရှိတယ်။ ငါမဟုတ် သာ မလုပ်ဘူး။ ဆေး ၊ ကွမ်း ၊ ထရေ ဘာမှ မစားဘူး။ တနေ့က နင်နေမကောင်းဘူး ဆို။ ငှက်ပျောသီးတွေ စားပြီး အန်တယ်လို့ ဂျိုမ တို့ က ပြောတယ်။ ငါလည်း နင့်ကို ပူတယ်။ ကျောင်းကလည်း ထွက်မရဘူး။ ငါ့မှာ ခွီးတဲ့မပဲ ဖြစ်နေတာ။ ဖင်ယား တာတောင် နင့်ကို တအားစိတ်ပူတယ် မကုတ်နိုင်ဘူး။ နင့်ကို ကိုယ်ဖိရင်ဖိ စောင့်ရှောက်ရမယ့် နေ့ ငါရောက်ဖို့ ကြိုးစားနေတယ်။ မြို့မှာလည်း ငါ့ ဘကြီး သုံးဝမ်းကွဲတစ်ယောက် အဆင်ပြေနေတယ် ကြားတယ်။ နင့် အတွက် ငါမြို့မှာ နင်အတွက် တက်လုပ်မှ ဖြစ်မှာ။ ပုတ်သင်ညိုတွေ၊ တောက်တည့်တွေ ဖမ်းရမှာတဲ့။ ဈေးကောင်း ရတဲ့။  နင့်ကို အိမ်တစောင် မီးတပြောင်နဲ့ မယား တော်ချင်တာပဲဟာ။ ငါ ဒီစာရေးတာ ဒွေးလေး မသိဘူး။ မြောက်ဘက် ဒိုး သွားတယ်။ ဘော..တံ ရှာလိုက်ရတာ အမောပဲ။ စာရွက်ကိုင်ပြီး ခေါင်းမီးတောက်နေသေးတယ်။ ကိုရင် ပဏ္ဍ၀ အဲ့လေ..ဒါမပါဘူးနော်။ အဲဒါလေ ငါ စောင့်နေတာ အချိန်ပဲ။ နာရီတစ်လုံး လောက်လိုချင်တာဟာ။ နင်နဲ့ လားတွေ့တိုင်း နောက် မကျအောင် စောစော ပြန်ရတာ။ နင်နဲ့ ခိုးချစ်ရတာ အား မရတော့ဘူး။ တွေ့နေကြ ကောက်ရိုးပုံ နားမှာ တွေ့ရတာ လူတွေ မိမှာဆိုးတယ်။ ရွာထိပ် က ရေကန်ပျက်ကြီး ဘေးမှာ လလည်း သာ တယ်။ ကောင်းကောင်း မြင်ရတော့ အဆင်ပြေတာပေါ့။ နင် သဘောတူရင် ဒီစာခေါက်ထဲမှာ ခဲလုံးသေးသေးလေး မိဥကို ထည့်လွှတ် လိုက်နော်။ ချစ်ထဲ့ ချက်ကြီး။ အိုင်လက်ဖြု။ ( ဟိဟိ ဟိုကားထဲက ပြောတာ မှတ်ထားတာ။)

ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး