လူပျိုရည်
လမ်းမပေါ်က ဒဗလျူဘောလုံးကို မက်မက်မောမော ကန်နေတဲ့ ကလေးတွေ က လူမှုရေး  စက်ရုံက ဝင်ရိုးတွေ လည်နေသံကို ဘယ် ဖမ်းဆုပ်မိမလဲ။ အခြေခံကျကျ  ပြုပြင်ပြောင်းလဲရေးကို စွမ်းနိုင်သူကို အာဂလူလို့ ယူကြမယ်။ ဒီလိုမျိုးတွေ  အတွက်လည်း သစ်ပင်ပျိုးနေရင် ကိုယ်ဟာလည်း အခုတင် အိုမင်းနေအောင် တွေးမိပေါ့။  မလှပတဲ့ သီချင်းတွေ အတွက်တော့ ကိုယ့် လူပျိုရည် ရောင်းမယ်ကွယ်။  သံသရာအတွက်မတွေး မျက်စိရှေ့က ချွေးပေါက်လေးတွေ ခဏတာ တိတ်ဖို့ ၊ လူကုံတန်  သီချင်းတွေ ပြီးရင် ညှိုးနွမ်းနေတဲ့ သစ်ရွက်ကလေးတွေ ရေစင်ဖြန်းဖို့  လူပျိုရည်ရောင်းမယ် ကွယ်။ လူပျိုရည် ရောင်းပါတယ်။ သန့်စင်ထားတဲ့  မူးယစ်ဆေးဝါးတွေလိုချိုမြ ၊ ပင်လယ်ကမ်းစပ်က သဲခုံတွေလို ဖြူဖွေး ၊ လေနုအေး  တိုက်တဲ့ အရပ်က ပန်းသစ်ခွတို့ ရဲ့ အာရုံနှိုးတေးသွားလို လူပျိုရည်  ကိုယ်ရောင်းမယ်။ ပြာသိုတဲ့ တပိုတွဲမှာ ပွင့်တဲ့ ပန်းတွေ ကောင်းချီးပေးပါစေ။  ဆက်ရက်တွေ တောင်ပံကျိုးတဲ့ အခါ ကြောင်တွေလည်း အလိုလို ခံတွင်းပျက်  ရတော့မယ်။ ဒီလိုနဲ့ အေးစိမ့်တဲ့ တောင်ပေါ်ဒေသလေး တစ်မြို့ ကိုယ်ဖြစ်ချင်တယ်။  လတ်ဆတ်တဲ့ သစ်သီး ဝလံတွေ ကို ခူးဆွတ်တဲ့ အခါ မြည်တဲ့ အသံကိုက ချိုမြမြ ၊  အညှာကထွက်တဲ့ အစေး လည်း လောင်မယ်။ ငါက မ...