ချစ်ရသောကြောင်ကလေး

ကျွန်တော်တို့ငယ်စဉ်အခါက ကျောင်းတွင် စာစီစာကုံးများ ရေးသော အခါ အကြောင်းအရာတစ်ခုကို ရိုးရိုးကြီး ရေးလေ့ရှိကြသည်။ ထိုစဉ်က ကျောင်း စာသင်စနစ်များ မှားယွင်းမှု ကြောင့် စာဖတ်အား အပေါ်မူတည်ကာ ဉာဏ်ကွန့်မြူးမှု၌ တည်မှီကာ ချဲ့ထွင် ရေးသားရမည့် မြန်မာစာ ကို ကျွမ်းကျင်မှု မရရှိခဲ့ပဲ ၊ နှုတ်တိုက် ကျက်မှတ်သည့် အကျင့် သာ ရရှိခဲ့ခြင်းကြောင့် ကိုယ်ကိုယ်တိုင် အကြောင်းအရာ တစ်ခုခုအား ရေးသားရမည် ဆိုပါက တောင်တောင်အီအီ စဉ်းစားကာ တည့်မတ်စွာ ချရေးခြင်း ကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က သွယ်ဝိုက်၍ ရေးသားခြင်း အမှု ၊ စာ တန်ဆာဆင်မှု တို့ကို မပြုလုပ်တတ်ခဲ့ပေ။ များသော အားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ သူငယ်ချင်းအများ စု တွင် ထိုကဲ့သို့သော အဖြစ်များ နှင့် ရင်ဆိုင် ကြုံတွေ့ ခဲ့ကြရသည်။ ကျွန်တော်တို့ နေထိုင်သော ရပ်ကွက် ၊ ပတ်ဝန်းကျင် ၊ လူမှု စရိုက် အခြေအနေ မှာ လည်း ပညာရေးကို အလေးထားသော ပတ်ဝန်းကျင်မျိုးကလည်း မဟုတ် ၊ ပေါင်သင်းမိသော အပေါင်းအသင်း များမှာလည်း ပညာရေး ကို အလေးပေးသော အခြေအနေ မှ လာသည်မဟုတ်ခြင်း ကြောင့် စသော အကြောင်းအချက်များ ပေါင်းစည်းကာဖြင့် ကျွန်တော်တို့ ဧ။် ငယ်စဉ်ဘဝတွင် ကျောင်းတွင်း မြန်မာစာ ရေးသားမှု သည်လည်း ညံ့ဖျင်းခဲ့ရတော့သည်။ ဟိုဘက်လှည့် ဒီဘက်လှည့် အခြေအနေများဖြင့် ကျွန်တော်တို့ဧ။် ပညာသင်ကြားခွင့် ဟာ ကျောက်စက်ရေများ တစ်စိမ့်စိမ့်ကျလာခြင်းကို စုစောင်းထားသကဲ့သို့ အောင့်အည်း သည်းခံကာ ၊ အခြေအနေတစ်ခုကို လွန်မြောက်၍ ကျောင်းပြီး သော အချိန် ကို ရောက်မှ ၊ ကျွန်တော်တို့ ဗီဇ နှင့် သက်ဆိုင်သော လမ်းများကို လျှောက်လှမ်းရသော အချိန်တွင်မှ မြန်မာစာ အရေးအသား ကို တိုးတက် လာ အောင် လေ့လာ သင်ယူ ရင်း ပြင်ဆင်စရာ ရှိသည်များကို ကို ပြင်ဆင်ခဲ့ရတော့သည်။ ဒီအကြောင်း ကိစ္စများ ကို ပြောနေရခြင်းမှာ ကျွန်တော်တို့ ဧ။် ငယ်စဉ်ကာလ တွင် ရှင်သန်ခဲ့ရသော အခြေအနေ ၌ လူမမယ် ကလေး တစ်ယောက် ဧ။် ရှင်သန်မှု နှင့် စာတတ်မြောက်မှု အတွက် ပတ်ဝန်းကျင် ဆိုသည်မှာ အထူးပဲ လိုအပ်လှကြောင်း ကို ပြောဆို လိုခြင်းပင် ဖြစ်သည်။ အရွယ်တစ်ခုတွင် လိုအပ်သော အသိဉာဏ်ပညာ သည် သူ့ပတ်ဝန်းကျင် တွင် ရှိသော အခြေအနေ များဧ။် အထောက်အပံ့ များ အနေဖြင့် လိုအပ်ခြင်း ဖြစ်ကြောင်းကို ဆိုလိုခြင်းပင်။ ကျွန်တော်တို့ ငယ်စဉ်က ကျောင်းစာစီစာကုံး တစ်ခု ရေး သောအခါ တွင် ဥပမာ အားဖြင့် အိမ်က ကြောင်များ အကြောင်း ကို ရေးကြ မည် ဆိုပါက… “ကျွန်တော်တို့အိမ်တွင် ကြောင်များ ရှိပါသည်။ အိမ်တွင် ရှိသော ကြောင်အားလုံးမှာ စုစုပေါင်း အကောင် ၂၀ ရှိပါသည်။ ထိုကြောင်များ ထဲတွင် ကျွန်တော် အချစ်ဆုံး ကြောင်မှာ ဘိုဘို ဖြစ်ပါသည်။” စသည်ဖြင့် ရေးကြလိမ့်မည်။ မည်သို့ပင် ဖြစ်စေကာမူ ထို အခြေအနေ မှ ကျော်လွန်ပြီး ယခုအခါတွင် ကျွန်တော် ဒီထက် ချောမွတ် လှပ စွာ ရေးသား တတ်ခဲ့ပြီ။ ထိုသို့ ရေးသားနိုင်သော အကြောင်းမှာလည်း ကျွန်တော်ဆိုသော ကလေး တစ်ယောက် ဧ။် လူလားမြောက်လာမှု တွင် ခြံရံခဲ့သော ကောင်းမွန်သော ပတ်ဝန်းကျင် ၊ ထို ပတ်ဝန်းကျင် တွင် ကျရောက်လာမှုနှင့် ကောင်းမွန်သော အထောက်အပံ့ များ ပေးနိုင်သည့် ပတ်ဝန်းကျင်ရှိ သက်ရှိ၊ သက်မဲ့ များဧ။် ကျေးဇူးပြုမှု ကြောင့် ဟု သာ ဆိုချင်ပါသည်။ ငယ်ငယ်တုန်းက ကျွန်တော်သည် စာစီစာကုံး အရေးညံ့သူ တစ်ယောက် ဖြစ်ခဲ့သောကြောင့် ကျွန်တော့် တွင် ရေးစရာ စာစီစာကုံး ဆိုသည်မှာလည်း မရှိခဲ့။ တစ်ခါတစ်လေ မဖြစ်မနေ ရေးရမည် ဆိုလျှင် အိမ်တွင် မရှိသော ကြောင်ကလေးများ ကို စိတ်ကူး၍ “ကြောင်ကလေး ရွှေဝါ” ဆိုတာမျိုးကိုပင် ရေးခဲ့ရတော့သည်။ ကျွန်တော့် နည်းတူ အခြားသော ကလေးများလည်း အတူတူပင် ဖြစ်ခဲ့လိမ့်မည် ဟု ကျွန်တော် တွေးမိသည်။ ဟုတ်သည်။ ထိုစဉ် အချိန်က ကျွန်တော်တို့သည် များသောအားဖြင့် အိမ်တွင် ရှိသော ကြောင်ကလေးများ အကြောင်းရေးမည် ဆိုလျှင် ကြောင်ကလေး ရွှေဝါ ဟု သာ ရေးခဲ့ကြသည်။ ကြောင်များသည် တကယ်တမ်းတော့ အဝါရောင် တစ်မျိုးတစ်စားတည်း ရှိသည်မဟုတ်။ မည်သို့ ဆိုစေ ထိုစဉ်တုန်းက တော့ ကြောင် သည် မျက်စိထဲ တန်းခနဲမြင်စေသည်မှာ ရွှေဝါရောင် ကြောင်များပင်။ အိမ်တွင် ကြောင်တစ်ကောင် ရောက်လာသည် မှ စ၍ အခုအချိန်အထိ ဆိုလျှင် ကြောင်များ အကောင် သုံးဆယ် ခန့် မွေးမြူ ခဲ့သည်။ အိမ်သို့ အမှတ်မထင် မတော်တဆ ရောက် လာခဲ့သော ကြောင်သည် ကြောင်မလေး တစ်ကောင်ဖြစ်၍ ထိုကြောင်ကလေး သည် လည်း ရွှေဝါရောင် ကြောင်ကလေး တစ်ကောင်ပင် ဖြစ်သည်။ သို့သော် ထို ကြောင်ကလေးကို မူ ရွှေဝါ ဟု အမည် မပေးဖြစ်ပဲ။ ပန်ပန် ဟု အမည် ပေးခဲ့သည်။ ထူးဆန်းသည် ဟု ဆိုချင်က ဆိုနိုင်သော်လည်း ထိုကြောင်မလေး၏ အရှေ့တွင် ပေါက်ပေါက်ဟု ခေါ်သော ကြောင်ထီးကလေး တစ်ကောင် မွေးခဲ့ဖူးသောကြောင့် ပေါက်ပေါက် အိမ်က ထွက်ပြေးသွား၍ လွမ်းဆွတ်မဆုံး ဖြစ်နေသော အချိန်နှင့် အချိန်ကိုက်ရောက်ရှိလာသော ကြောင်မကလေးကို မောင်နှမ ကဲ့သို့ နာမည် မတိမ်းမယိမ်း ပေးချင်သော ဆန္ဒကြောင့် တစ်အိမ်သားလုံး မှ ပန်ပန်ဟု ခေါ်ခဲ့ခြင်းပင်။ ပန်ပန် ရောက်ခါစတွင် ကျုံလှီသည် ။ သို့သော်လည်း အစားအသောက်မှန်သောကြောင့် တဖြည်းဖြည်း လှပ ဝါဝင်းသော ကြောင်ကလေး တစ်ကောင် ဖြစ်လာ ခဲ့သည်။ အချိန်တန် အရွယ်ရောက်၍ ပန်ပန် ကိုယ်ဝန် ဆောင်ပြီး နောက် ကြောင်ကလေးငါး ကောင် မွေးသည်။ ထိုကြောင်ကလေး များကိုလည်း တစ်အိမ်လုံးမှ ဝိုင်းဝန်း၍ ချစ်ရပြန်သည်။ နောက်များတစ်ဖန် တစ်ရာသီး ပြီးသောအခါ နောက်ထပ် ထပ်မံ၍ မွေးသော ဆက်ကန်းဂျန်နရေးရှင်းဟု ခေါ်ဆိုရမည့် ဒုတိယ အသုတ် ပန်ပန်မျိုးဆက် များလည်း ငါးကောင် မွေးပြန်တော့သည်။ ထိုအခါ ကျွန်တော် တို့ အိမ်တွင် စာပေါင်းသိုက် မဟုတ်သော ကြောင် ပေါင်းသိုက်ကြီး ဖြစ်လာတော့သည်။ ကြောင်ကများ ၊ ကြောင်ချေးပါ ၊ ကြောင်ပျံလွှား ၊ ကြောင် ဖိုက်တင် ၊ ကြောင် ချီး နံ့ စသည်ဖြင့် အမျိုးမျိုး စုံလာလေတော့သည်။ ထိုမျှမကသော အခြေအနေများ သည်လည်း ရှိသေးသည်။ အဆိုးဆုံးမှာ ကြောင် ရာသီ များတွင် ကြောင်ထီး ကြောင် မ တွေ့ဆုံခိုက် အော်မြည်သော အသံဗလံများသည် ညဉ့်နက် သန်းခေါင်ယံ အချိန်တွင် ဆူညံပွက်လော ရိုက်နေလေတော့သည်။ ပကတိ ငြိမ်သက်သော အချိန်တွင် ချစ်စရာကောင်းစွာ သော ဘိုဘို ၊ တာတာ ၊ ပိစိကွေး ၊ ကဲကဲ စသော ကြောင်ထီးများသည် အိမ်တွင် ရှိသည်ဖြစ်ရာ ကြောင်မများ နှင့် တူနယ်တယ့်နယ် ဗြောင် ကြလေသော အခါ ဝုန်းဒိုင်းကြဲ ဒုန်စိုင်းဆွဲကြလေတော့သည်။ အဖေလည်း အိပ်မရ ၊ ဘေးတွင် အိပ်သော ကျွန်တော်လည်း အိပ်မရ ၊ အမေကား စိတ်ပျက် ၊ ညီမလေးကား ဒိန်နေလေပြီ။ သို့သော်လည်း မတတ်နိုင် ထပ်ခိုး ထရံကြားတွင် မာန်ဖီလျှက် စုံဆန်စီ နေကြသော ကြောင်များ ကြောင့် တစ်အိမ်လုံး စိတ်ဒုံးဒုံးချကာ ထ၍ ထိုင်ရသော အခြေအနေသို့ ရောက်ကြရလေသည်။ အိမ်တွင်ကြောင်ချစ်သူက ညီမလေး ၊ ကြောင်သေးသေးလေးများမွေးလျှင် သားကလေး ၊ သမီးကလေးဟု ချော့မြှူသူက အမေ ၊ ကြောင်ကိစ္စ ဒိုင်ခံ လုပ်ရသူက အဖေ ပင်ဖြစ်တော့သည်။ ကြောင်မ များက မွေးသော ကလေးသေးသေးလေးများကို ပုဆိုးခင်း၍ အဖေ့မှာ ထမင်းစာအုပ်ဆောင်းကို ကြောင် ခြင်ထောင်လုပ်ကာ ကြောင် ဘေဘီလေးများကို သိပ်ရသည်။ လျှောက်သွားနေသော ကြောင်အမေ ဖြစ်သူက လာ၍ အုပ်ဆောင်းနား လာအော်လျှင် အဖေမှာညကြီးမင်းကြီး ထကာ ကြောင်မ နို့တိုက်ရန် အတွက် အုပ်ဆောင်း ဖွင့်ပေးကာ ကြောင်ကလေးများ ကို နို့တိုက်စေရ၏။ နို့တိုက်ပြီး ကြောင်အမေကြီးက ဗိုက်ဆာပါက အစာ ထကျွေးရဧ။် ။ ကြောင်များ အတွက် အဖေသည် သူဧ။် တစ်ပတ်စာ အသုံးစားရိတ်များထဲမှ ခွဲ၍ ကြောင်များအတွက် တစ်နေ့လျှင် ငါးရာကျပ်ပေးရသော ကြောင်စာ ထုပ်ကလေးများ ကို သူ့အလုပ်သွားလျှင် လွယ် သည့် ဘေးလွယ်အိတ် ထဲတွင် ထည့်၍ အိမ်အပြန်တွင် ဝယ်လာလေသည်။ သူသည် မနက်ခင်း ဆေးလိပ်လည်း လျှော့ရသည် ။ လက်ဖက်ရည် လည်း လျှော့ရသည်။ ကြောင်ကလေးများ သူဝယ်လာသည့် ကြောင်စာကလေးများ ကို အငမ်းမရ စားသောက်နေ လျှင် သူသဘောကျသည်။ ထိုသို့ ကျွေးမွေးရခြင်းသည်ပင်လျှင် သူသီသန့် လုပ်စရာမလို သော ဒါနပြုခြင်းဟု မှတ်ယူသည်ဟု ကျွန်တော့် ကို ပြောပြဖူးသည်။ အဖေသည် စောစော အိပ်၍သာ တော်တော့သည်။ တစ်ညလျှင် ကြောင်ကိစ္စ ဖြင့် တစ်ညလုံး အချိန်ကြာကြာမအိပ်ရ။ မနက် မိုးလင်း လျှင်လည်း အဖေမှာ မနက်ခင်းစောစော ထ၍ တံတားပေါ်သို့ လမ်းလျှောက်ထွက်လေသည်။ ညဘက် ဆယ်နာရီလောက် အိပ်၍ မနက်ငါးနာရီ ထသော လူကြီး တစ်ယောက် အဖို့ ညလယ်ပိုင်းတွင် သုံးလေးနာရီလောက် ကြောင်ကိစ္စ ရှုပ်နသဖြင့် မအိပ်ရလေသောအခါ ကျွန်တော့် အဖေမှာ ကျန်းမာရေး ထိခိုက်လာတော့သည်။ ထို့အပြင်အမေမှာလည်း ကြောင်များ ကြောင့် ကောင်းစွာ ညမအိပ်ရသော ညများတွင် မနက်ခင်းစောစောထ၍ အဖေ့ ထမင်းချိုင့်အတွက် ပြင်ဆင် ချက်ပြုတ်ရလေ သောအခါ စိတ်တို ဒေါသထွက်ကာ ကြောင်များအပေါ်တွင် စိတ် အခန့်မသင့်လျှင် မသင့်တိုင်း ကြိမ်းမောင်း၍သာ နေလေတော့သည်။ ဟုတ်ပါသည်။ ချစ်၍ မွေးထားသော ကြောင်ကလေးများမှာ လူဧ။် အလိုက်ကို မသိ ၊ တိရိစ္ဆာန်သာဖြစ်၍ သူတို့၏ သဘာ၀ အလျှောက် ဖြစ်ချင်တိုင်းဖြစ်ကြမည်ပင်။ ထို့ကြောင့်လည်း အဖေမှာ သူဧ။် သားသမီးလို ချစ်ခင်ရသော ကြောင်ကလေးများ ကို တမျိုးတစ်ဖုံ စီမံရတော့သည်။ သားသမီးကဲ့သို့ ချစ်၍ ကြောင်မမယ်လေးများကို ခြင်ထောင်ထဲတွင်ပင် ထည့်၍ သိပ်တတ်သော အဖေသည် တစ်နေ့သော မနက်ခင်း ငါးနာရီတွင် အိမ်တွင် ရှိသော ကြောင်များ အနက်မှ ဘိုဘိုဟု ခေါ်သော ကြောင်ထီးကလေး ကို ကြိမ်ခြင်းဖြင့် ထည့်သည်။ ထို့နောက် သူကျွေးလေ့ရှိသော ကြောင်စာကလေးများ ကို ကြိမ်ခြင်း အတွင်း ထည့်ကာ ဘိုဘိုကလေး ကြောင်စာများ စားနေသော အခါ ခြင်းတောင်းကို အလုံ ပိတ်ကာ အိမ်နှင့် ဝေးသော နေရာ တစ်ခုတွင် သွားရောက်၍ ဖွင့်ချ လိုက်လေသည်။ ဘိုဘို နှင့် ကြောင်စာများ ခြင်းတောင်းထဲမှ ထွက်ကျသော အခါ နဂိုကနည်းက အစားကြီးသော ဘိုဘိုမှာ ထွက်ကျလာသော တစ်စေ့ နှစ်စေ့ ခန့် ကြောင်စာလေးများကိုအငမ်းမရ ကောက်ယူ စားသောက်ပြီးနောက် ဟိုကြည့်ဒီကြည့် လုပ်လေသည်။ အဖေလည်း ထိုနေရာမှ လှည့် ထွက်လာသော် ဘိုဘိုမှာ အဖေ့နောက်မှ ကပ်လိုက်လာသဖြင့် အဖေက ဘိုဘို့ ကို ခြောက်လှန့် လွှတ်သောအခါ ဘိုဘိုမှာ အမှောင်တွင်းတို့ ထွက်ပြေးသွားတော့သည်။ နောက်နေ့ မနက်များတွင် လည်း ကျွန်တော့် နှင့် အခင်မင်ဆုံးဖြစ်သည့် ကွေကာဟု အမည် ပေးထားသည့် ကြောင်ဖြူူဝါကျား ကလေးကို အဖေက ထိုနည်းအတိုင်း ခေါ်ဆောင်ပြီး ထားခဲ့ခြင်း ဖြင့် လည်းကောင်း ၊ နောက်တစ်နေ့တွင် တာတာ ကို လည်းကောင်း ၊ ပိစိကွေးကို လည်းကောင်း ထိုနည်းတူစွာ ပစ်ခဲ့လေတော့သည်။ တစ်နေ့ မနက်ခင်းပိုင်းတွင် အဖေသည် ကြောင်တစ်ကောင် ကို ပစ်ရင်း သံယောဇဉ်စိတ်က မပြတ်နိုင်သည့်အလား သူ ပစ်ခဲ့သည့် နေရာ အရောက် ဟိုကြည့် ဒီကြည့် လုပ်ရာတွင် ကြောင် တစ်ကောင်မှာ သူ့ဆီသို့ ပြေးလာ၍ တညောင်ညောင် နှင့် ဖြစ်ေ၍ ကြည့်လေသော အခါ ထိုကြောင်ကလေးမှာ ကွေကာဟု ခေါ်သည့် အရင်နေ့က ပစ်ခဲ့သည့် ကြောင်ကလေး ဖြစ်နေသည်ကို တွေ့လေသည်။ ကွေကာသည် အဖေ့ ခြေထောက်ကို ပွတ်သပ်နေသည်။ အဖေသည် စိတ်က မခိုင် ကွေကာ့ကို ပွေ့ပိုက်၍ အိမ်ကို ပြန်ခဲ့သည်။ မနက်ခင်းစောစောစီးစီး ကွေကာကိုတွေ့၍ အံသြမိသဖြင့် အဖေ့ကို မေးသောအခါတွင် အိမ်ရှေ့ တွင် ရောက်နေသောကြောင့် အိမ်ထဲ ခေါ်သွင်း ထားကြောင်း အဖေက ပြောသည်။ အမှန်မှာ အပေါ်က ဆိုသည့် အတိုင်း ပင် ။ အမေက အိမ်တွင် ကြောင်ထီးများ မရှိစေလို။ ထို့ကြောင့်အဖေလည်း သူ့ဘာသာသူ အိမ်ကို မှတ်မိ၍ ပြန်လာသည် ဟု ပြောခြင်းဖြစ်သည်။ ထိုအကြောင်းကိုလည်း အဖေက နောက်မှ ကျွန်တော့် အား တိုးတိုးကလေး ပြန်ပြောပြလေသည်။ မကြာပါချေ။ ကြောင်ရာသီကား မပြီး သေး၍ ကွေကာ သည် ထုံးစံအတိုင်း သောင်းကျန်း ပြန်သော အခါ အဖေလည်း မတတ်နိုင် ကွေကာ့ကို ခေါ်၍ ကျွန်တော်တို့ အိမ်နှင့် ဝေးသော ၊ သူပြန်၍ မလာနိုင်လောက်သောနေရာတွင် တဖန်သွား၍ ပစ်ပြန်တော့သည်။ ကျွန်တော်သည် အိမ်တွင် ဘိုဘို ပြီးလျှင် ၊ ကွေကာ့ကို အချစ်ဆုံး ဖြစ်သည်။ ကျွန်တော် ကွန်ပျူတာ သုံး နေချိန်များတွင် ကွေကာသည် ကျွန်တော့် ကွန်ပျူတာ တင်သည့် စက္ကူပုံးကလေး နှင့် တင်ပျဉ်ခွေထိုင်သည့် ခြေသားလုံး ကြားထဲတွင် တိုးဝှေ့၍ အိပ်တတ်သည်။ ဖယ်ထုတ်သော်လည်း မရ ၊ ဖယ်ထုတ်သော တင်ပျဉ်ခွေထဲဝင်၍ ခွေလေသည်။ ကျွန်တော့်မှာ ကွေကာ့ကို မပစ်စေချင် ၊ ထို့ အတူ အဖေသည်လည်း ပစ်ချင်မည်မဟုတ်။ သေးသေးကွေးကွေး ကြောင်ပိစိလေး ဘဝကတည်းက မျက်စိရှေ့တွင် တုန်ချိချိဖြင့် သွားလာနေသည်ကို မြင်ခဲ့ပြီး အရွယ် ရောက်သော်လည်း တယုတယ မွေးမြူခဲ့ရသည့်အပြင် သားသမီး ပမာ စောင့်ရှောက်ခဲ့ရသော သတ္တဝါ ကလေးများကို အဖေသည် မြူများ ဆိုင်းနေသော မနက်ခင်း အမှောင်ထဲတွင် သွားရောက်၍ ပစ်ထား ခဲ့ရသည်။ နောက်ပိုင်း တွင် ကြောင်ကလေးသည် မည်သို့ မျက်စိလည်နေမည်။ အားငယ်နေမည်ကို မျက်စိစုံမှိတ် ကာ စိတ်ဖြတ်ကာဖြင့် ပြန်လာခဲ့ရသော အဖေ့ ရင်ထဲ ကောင်းမည် မဟုတ်ဆိုသည် ကို ကျွန်တော် အသိဆုံးပင်။ မည်သို့ဆိုစေအဖေသည် သူပစ်ခဲ့သော ကြောင်ကလေးများကို မနက်ခင်းလမ်းလျှောက်တိုင်း ပစ်ခဲ့သည့် နေရာတွင် ပြန်များ တွေ့မလား ဟူသည့် စိတ်ဖြင့် အနီးအနား တစ်ဝိုက်ကို လိုက်၍ ကြည့်နေခဲ့သည်ဟု ဆိုဧ။် ။ သို့သော်လည်း ကြောင်ကလေးများ ကို မတွေ့။ တစ်ခါတွင်မူ ကဲကဲ ဟု ခေါ်သည့် ၊ ကွေကာ နှင့် တတွဲတွဲ လုပ်နေတတ်သည့် ကြောင်ကလေးမှာ အိမ်တအိမ်ဧ။် ရှေ့တွင် တခြားကြောင်များ နှင့် ရှိနေသည် ကို တွေ့ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တခြားကြောင်များ နှင့် မရောပဲ ငုတ်တုပ်သာ ထိုင်နေသည် ဟု အဖေ့ ပြန်ပြောပြချက်အရ သိရသည်။ “သူတို့တွေကို ပစ်ခဲ့တာ အဆင်ပြေပါ့မလား။ သူတို့ အစာမှ သေချာစားရပါ့မလား” ဟု စိတ်ထဲမှ ကျွန်တော်တွေးမိသည်။ တွေးမိသည့် အတိုင်းလည်း အဖေ့ကို ပြောပြဖြစ်ခဲ့သည်။ အိမ်တွင် သူတို့ နေစဉ်က သားကလေး ၊ သမီးကလေး ဟု စိတ်ထဲက မှတ်ယူလျှက် နေ့စဉ် အစာ နှင့် ရေကောင်းရေသန့် မပြတ်ခဲ့ ။ ငယ်စဉ် အချိန်တွင် အုပ်ဆောင်းကလေး အုပ်ကာ အောက်ခံ ဂျာနယ်အခင်းလေးများ ဖြင့် နွေးထွေးစွာ သိပ်ခဲ့သည်။ အရွယ်အတော်ကြီးသောအခါ အဖေ့ခြင်ထောင် နံဘေးတွင် လည်းကောင်း ၊ ခြင်ထောင်ပေါ် တွင် ပုခက်ထဲ၌ အိပ်သလို အိပ်၍ လည်းကောင်း ဇိမ်ကျကျ အိပ်ရသည်။ အေးသော ည နှင့် မနက်များသည်။ တာတာ ၊ ကဲကဲ ၊ ကွေကာ နှင့် ပိစိကွေးတို့သည် မည်သည့် အရပ်၌ အေးစိမ့်သော ရာသီဥတုဒါဏ် ကြားတွင် နိုးတစ်ဝက် ဖြင့် အိပ်စက်ရမည်နည်း။ အိမ်တစ်အိမ်ဧ။် အေးစက်သော ကြမ်းပြင် ပေါ်မှာလား ၊ သူတို့အတွက် နွေးထွေးမည်ဟု ယူဆရသော ပီနံအိတ် အစုတ်ထဲတွင် တိုးဝှေ့နေမည်လား မည်သို့ပင်ဖြစ်စေ ကြောင်ထီးကလေး လေးကောင်သည် တစ်ယောက် တစ်နေရာစီတွင် ရှိနေတော့မည်။ “ငါလည်းတွေးပါတယ်။ သူတို့ကို ပစ်တော့မယ်လို့ စဉ်းစားမိတဲ့ အခါ သူတို့ အတွက် ခိုလှုံစရာ ရနိုင်ကောင်းလောက်တဲ့ ၊ သူတို့ကို လက်ခံနိုင်လောက်တဲ့ ပတ်ဝန်းကျင် ကိုပဲ သေချာစဉ်းစားပြီး အဲဒီနေရာ အနီးတဝိုက်မှာပဲ ပစ်ခဲ့တာ” ဟု အဖေက ဆိုသည်။ သံယောဇဉ်ဖြစ်၍စိတ်မကောင်းသော်လည်း ထိုကြောင်ကလေး လေးကောင်ကို ကောင်းမွန်စွာ ရှိနေစေရန် ကျွန်တော် ဆုတောင်းမိသည်။ တစ်နေ့မှ မေ့မရခဲ့။ အနားတွင် တိုးဝှေ့တတ်သော ၊ ရိုက်တော့မည် ဟန်ပြင်လျှင် ခေါင်းပုကာ ကြောက်တတ်သော ၊ တစ်ခါတစ်လေ သူတို့ သွားများဖြင့် ကစားကာ လက်ချောင်းကလေးများကို ကိုက်တတ်သော ၊ လက်သည်းကလေးများဖြင့် ကုတ်ခြစ်သောအခါ ကျွန်တော့်မှာ နာကျင်ရသော ကြောင်ကလေးများကို ရင်နာစွာဖြင့် စွန့်လွှတ် လိုက်ရသည်။ ထို့အတူ ကိုယ်တိုင် စွန့်ပစ်ကာ ကျောခိုင်းလာခဲ့ရသော အဖေသည်လည်း ထိုကြောင်ကလေးများ အတွက် တစ်စုံတစ်ရာ ထိခိုက်ခံစားရမည်ဟု ကျွန်တော်သိသည်။ မည်သို့မျှ မတတ်နိုင်သော အခါတွင် ပစ်ခဲ့ရသည့် ကြောင်ကလေးများ အတွက် သူတို့ ခိုနားရာ သေချာသည့် အခြေအနေ ပတ်ဝန်းကျင် ကို တွက်ချက်ပြီး ပစ်ခဲ့ရသည်ဟု အဖေကကျွန်တော့်ကိုပြောသည်။ ဟုတ်ပါသည်။ ကြောင်ကလေးများသည် ကျွန်တော်တို့က သံယောဇဉ်ဖြစ်နေ၍ ၊ ကလေးဟု သတ်မှတ်သော်လည်း အချိန်အတိုင်းအတာ တစ်ခုအထိတော့ အရွယ်ရောက်ခဲ့ပြီ ဖြစ်သည်။ ထို့အတွက် စွန့်လွှတ်ရတော့ မည့် အခြေအနေတွင် လည်း အဖေ ပြောသလို ပတ်ဝန်းကျင် ကောင်း တစ်ခုတွင် ရှင်သန်သွား ရန် လိုအပ်သည်။ သူတို့ ကိုယ်တိုင်း စိတ်လက်ချမ်းသာ ဖြင့် ကစားခုန်စား ပြုလုပ်နိုင်မည့် နေရာမျိုးတွင် လည်းကောင်း၊ အစာရေစာ ပေါများသည့် နေရာမျိုးတွင် လည်းကောင်း ၊ သူတို့ကို ကျွန်တော်တို့လောက် မချစ်ခင်နိုင်သော်လည်း မရက်စက် သည့် သူဧ။် လက်ထဲ တွင် လည်းကောင်း ရှိနေဖို့ လိုအပ်သည်။ သို့မှသာ ကျွန်တော်တို့ ရင်နာနာဖြင့် စွန့်လွှတ်ခဲ့ရကျိုး ၊ ထားရစ်ခဲ့ရ ကျိုးနပ်ပေလိမ့်မည်ဟု ကျွန်တော် တွေးမိသည်။ မတော်၍ ကျွန်တော် ကိုယ်တိုင် ကြောင်ကလေး တစ်ကောင် ကို ပစ်ခဲ့ရမည် ဆိုလျှင် ကျွန်တော် ငိုကြွေးရပေလိမ့်မည်။ ကျွန်တော် ကိုယ်တိုင်ကဲ့သို့ သူ့ အပေါ် ကို ယုယနိုင်ပါမည်လား။ သူတို့ကို ကျွန်တော် စိတ်ချရသော အခြေအနေတွင် ထားရစ်ခဲ့ချင်သည်။ ကျွန်တော့် ကြောင်ကလေးကို စိတ်မထင် လျှင် မထင်သလို ခြေဖြင့် ကန်လို့ကန် ၊ တုတ်ဖြင့် ရိုက်လို ရိုက် လုပ်သည့် ပတ်ဝန်းကျင် ၊ ကျွန်တော့် ကြောင်ကလေးကို ထိခိုက်ခံစားရအောင် လုပ်သူများဧ။် လက်တွင်းသို့ ကျရောက်မည့် အဖြစ်မျိုးကို ကျွန်တော် မလိုလား၊ ထိုသူမျိုး ထံသို့ ကျွန်တော့် ကြောင်ကလေး ရောက်ပြီး ထိတ်လန့် ကာ စိတ္တဇ ဖြစ်ရမည် ကို သိရပါက ကျွန်တော် ရင်ကျိုး ရပေလိမ့်မည်။ ထိုသို့သော အဖြစ်မျိုးကို ကျရောက်အောင် ကျွန်တော် ကိုယ်တိုင်မဖန်တီးလိုပါချေ။ ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး