Fuck You

Fuck You


Fuck You လို့အမည်ရတဲ့ စာပေလုံးဝအထူးပြုတဲ့မဂ္ဂဇင်းတစ်ခု ကို 1962 ခုနှစ် မှာ ကဗျာဆရာ Ed Sanders က New York မြို့ကြီးထဲက Manhattan မြို့လေးရဲ့ အရှေတောင်ဘက်ပိုင်းမှာ စတင်တည်ထောင်ခဲ့တယ်။ ကဗျာဆရာ Ed Sanders ဟာ နောက်ပိုင်းမှာ The Fugs ဂီတအဖွဲ့ရဲ့ 


ဘယ်သူ့မှ စောက်ဂရုမစိုက်တဲ့အထာနဲ့ ထုတ်ဝေခဲ့ပြီး ၊ ဖော်ပြချင်ရာ ဖော်ပြတဲ့ Fuck You ကို ရောင်စုံခြယ် Construction Paper တွေပေါ်မှာရိုက်နှိပ်ထုတ်ဝေခဲ့ပြီး Mimeograph Machine နဲ့ ရိုက်နှိပ်ခဲ့တာပဲဖြစ်တယ်။ mimeograph machine ဆိုတာက stencil လို့ခေါ်တဲ့ သတ္တုပြားပေါ်မှာ ရိုက်နှိပ်ချင်တဲ့ စာ/ပုံတွေ ကို ပုံဖော်ထားပြီး မှင်သုတ်လို့ စာရွက်ပေါ်မှာ ရိုက်နှိပ်တဲ့ စက်တစ်မျိုးပဲဖြစ်တယ်။ သေချာတာကတော့ Fuck You ကို အဲဒီလိုမျိုး တန်ဖိုးနည်းပုံနှိပ်နည်းနဲ့ ပြုလုပ်ခြင်းဟာ Mimeo Revolution အဖြစ် Publication လုပ်ငန်းတွေရဲ့ ဈေးကြီးမှုကို ရွဲ့ပဲ့ပြီး အပေါ်ယံစာရွက်ထက် အနုပညာသာ အဓိကဖြစ်တယ်ဆိုတဲ့မာန်ကိုချီပြီး လုပ်တာပဲဖြစ်တယ်။ 

Fuck You – A Magazine Of The Arts လို့ Slogan ဖော်ပြထားတဲ့ Fuck You Magazine ဟာ သက်တမ်း (၃) နှစ်သာ ကြာမြင့်ခဲ့တယ်။ Fuck You ကို 1962 ခုနှစ်ကနေ စပြီး ထုတ်လုပ်ခဲ့ပြီး နောက်ဆုံး Magazine ရပ်သွားတဲ့အထိ Issue ပေါင်း ၁၃ ခု ထုတ်လုပ်ခဲ့တယ်။

၁၉၆၆ ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ ရဲတွေက Sanders တည်ထောင်ထားတဲ့ Peace Eye Bookstore ကိုဝင်ဖမ်းတယ်။ ပြီးတော့ သူ့ကိုတရားစွဲတယ်။ ဒါဏ်ငွေရိုက်တယ်။ အကြောင်းပြချက်ကတော့ သူထုတ်ဝေတဲ့စာအုပ်မှာ Fuck You ဆိုတာပါလို့တဲ့။ အဲဒီလိုတရားစွဲဆိုခံလိုက်ရတော့ သူ နာမည်ဆိုးနဲ့ကျော်ကြားသွားတော့တာပဲ။ အဲဒီလိုကျော်ကြားမှုက ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်တဲ့ Life Magazine ရဲ့ မျက်နှာဖုံးမှာ 
“a leader of New York's Other Culture” မှာ အခန့်သားဖော်ပြခံရတော့ တာပါပဲ။

တကယ်တမ်းပြောရရင်လည်း ယဉ်ကျေးမှုအသစ်ကိုဦးဆောင်သူတစ်ယောက် အဖြစ် Fuck You Magazine ကို ထုတ်လုပ်ခဲ့တာပဲဖြစ်တယ်။ Fuck You ဟာ ၁၉၆၀ ခုနှစ်များက ပေါ်ထွန်းခဲ့တဲ့ Mimeo Revolution ရဲ့အဓိကမဏ္ဍိုင်တစ်ခုလည်းဖြစ်တယ်။ 

Fuck Magazine ဆိုတာ စိတ်ခံစားမှုနဲ့ အနုပညာဖန်တီးမှုကို လွတ်လပ်စွာဖော်ထုတ်ပြသနိုင်ခွင့် ကို ရှေ့တန်းတင်ထားတယ်။ အထူးသဖြင့် လိင်၊ မူးယစ်ဆေးဝါးတွေနဲ့ စပ်လျဉ်းတဲ့ အစဉ်အလာတားမြစ်ချက်တွေကို အံတုဖောက်ခွင်းပစ်တယ်။ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးသုံးစွဲခြင်း၊ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ နှစ်သက်သူတိုင်းနဲ့ သဘောတူလိင်ဆက်ဆံခြင်းတွေကို ထောက်ခံအားပေးမှုတွေပြုလုပ်ခဲ့တယ်။ 

Sandars နဲ့ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်သူတွေအနေနဲ့ကတော့ ဒုတိယကမ္ဘာစစ်ခေတ်ကာလအတွင်း၊ ၁၉၅၀ နှစ်များအတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ စာပေယဉ်ကျေးမှုသစ်တွေဖော်ထုတ်တဲ့ ဂိုဏ်းဂဏ တစ်ခုဖြစ်တဲ့ Beat Generation နဲ့ ၁၉၆၀ ခုနှစ်တွေရဲ့ အလယ်ပိုင်းကာလတွေမှာ ပေါ်ပေါက်ခဲ့ပြီး၊ အစဉ်အလာထုံးတမ်းဓလေ့တွကို လွတ်လပ်စွာဆန့်ကျင်တဲ့ Hippie တွေကို ပေါင်းစည်းစေခဲ့တယ်။ ပြောရရင် အဲဒီ Beat Generation နဲ့ Hippie တွေဟာ အစဉ်အလာတွေကို တော်လှန်တယ်၊ ပင်မရေစီးယဉ်ကျေးမှုတွေနဲ့ ပင်မရေစီးအနုပညာတွေကို ဆန့်ကျင်ပြီး အနုပညာသစ်တွေကို မက်မက်မောမော ထုတ်ဖော်ရတာကို ထက်သန်ပြင်းပြကြတယ်။

၁၉၆၀ ခုနှစ်များနှောင်းပိုင်း အစဉ်အလာယဉ်ကျေးမှုတော်လှန်ရေးလှုပ်ရှားမှုတွေ ပိုမိုကျယ်ပြန့်လာမှုကြောင့် အဲဒီလို အစဉ်အလာကိုတော်လှန်တဲ့ စိတ်ခံစားမှုအထူးပြုသူတွေစုစည်းမိလာခဲ့တော့တယ်။ 

Fuck Magazine ရဲ့ Number 5, Volume 8 (1965)—Mad Motherfucker Issue ကတော့ ပုံမှာမြင်ရတဲ့ အတိုင်းပါပဲ။ ထုတ်ဝေခဲ့တဲ့ Issue တွေကို Download လုပ်ပြီး လေ့လာချင်တယ်ဆိုရင်တော့ 
http://www.ubu.com/vp/FuckYou.html မှာ ရှိပါတယ်။
.
ကျော်ညိုသွေး 


  
https://scontent-kul1-1.xx.fbcdn.net/v/t1.0-9/14102320_10206509789975943_8384213167021185466_n.jpg?oh=c767c9fab034505781c47f5125046c6e&oe=58815825

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး