World Photo Day - ကမ္ဘာ့ဓါတ်ပုံနေ့

World Photo Day - ကမ္ဘာ့ဓါတ်ပုံနေ့


နှစ်စဉ်နှစ်တိုင်းဆိုသလိုပဲ နိုင်ငံတကာမှာရှိတဲ့ ဓါတ်ပုံရိုက်ကူးခြင်းအနုပညာအပေါ် တပ်မက်စွဲလမ်းတဲ့ သူတွေဟာ သြဂုတ်လ ၁၉ ရက်နေ့ရောက်တိုင်းမှာ World Photo Day အထိမ်းအမှတ်အနေနဲ့ International Photography Event ကိုပြုလုပ်ကျင်းပကြလေ့ရှိပါတယ်။ World Photo Day Event ကို စတင်တည်ထောင်တဲ့သူကတော့ ဓါတ်ပုံပညာရှင် ၊ Storyteller တစ်ဦးဖြစ်သူ Korske Ara ဆိုသူပဲဖြစ်ပါတယ်။
.
World Photo Day ကို 1839 ခုနှစ်မှာစတင်ခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ World Photo Day ရဲ့ သက်တမ်းဟာ ၁၇၇ နှစ်တောင်မှပဲရှိခဲ့ပြီဖြစ်ပါတယ်။ World Photo Day ကို သြဂုတ်လ ၁၉ ရက်နေ့အဖြစ်သတ်မှတ်ခြင်းအကြောင်းအရင်း မူလဇစ်မြစ်ကတော့ ကမ္ဘာ့သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ပြင်သစ်သိပ္ပံပညာသင်ကျောင်းမှ ကျောင်းသားနှစ်ဦးဖြစ်တဲ့ Nicèphore Nièpce နဲ့ Louis Daguerre တို့ဟာ ၁၈၃၇ ခုနှစ်မှာ Daguerreotype လို့ အမည်ရတဲ့ ဓါတ်ပုံရိုက်ကူးခြင်းနည်းပညာတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး၊ Daguerreotype ဟာ ပထမဆုံးသော ဓါတ်ပုံရိုက်ကူးခြင်းဆိုင်ရာ တရားဝင်အသိအမှတ်ပြု နည်းပညာတစ်ခုဖြစ်လာခြင်းနဲ့ ၊ ပြင်သစ်အစိုးရက အဲဒီ Daguerreotype နည်းပညာကို မူပိုင်ခွင့်ဝယ်ယူပြီး၊ ကမ္ဘာကို တီထွင်မှုလက်ဆောင်တစ်ခုအဖြစ် လွတ်လပ်စွာအသုံးပြုနိုင်ဖို့ ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။
.
ကမ္ဘာပေါ်မှာ အချိန်နဲ့အမျှ တစ်မိနစ်ကြာတိုင်း ၊ ကြာတိုင်းမှာ ဓါတ်ပုံပေါင်းများစွာဟာ အင်တာနက်ပေါ်ကို ရောက်ရှိလာခဲ့ကြပါတယ်။ World Photo Day ရဲ့ဖြစ်တည်မှုဟာဆိုရင်တော့ ကမ္ဘာ့တလွှားမှာရှိတဲ့ ထောင်ပေါင်းများစွာသော ဓါတ်ပုံဆရာတွေရဲ့ ရည်ရွယ်ချက်ကိုယ်စီနဲ့ ရိုက်ကူးခဲ့တဲ့ဓါတ်ပုံတွေကို အချင်းချင်း စိတ်ပါဝင်စားစွာနဲ့ဝေမျှလာဖို့စေ့ဆော်ပေးခြင်းပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဓါတ်ပုံဆရာတွေရဲ့ ကိုယ်ပိုင်ကမ္ဘာတွေ အချင်းချင်းချိတ်ဆက်ပြီး ဓါတ်ပုံဆရာများကမ္ဘာကို ဖန်တီးဖို့ပေါ့။
.
ကိုယ်စီ နေထိုင်ရှင်သန်ရာ နိုင်ငံဒေသ ရဲ့ ဓလေ့တွေ၊ ဓါတ်ပုံရိုက်ကူးမှုဆိုင်ရာ ကျွမ်းကျင်မှုအဆင့်ကွာခြားမှု အမျိုးမျိုးကွဲပြားကြတဲ့ ကမ္ဘာ့တလွှားကဓါတ်ပုံဆရာတွေရဲ့ နေ့စဉ်ဘဝမှာ ရိုက်ကူးခဲ့ကြတဲ့ ဓါတ်ပုံတွေအားလုံးစုစည်းမှုဟာ World Photo Day ရဲ့ Global Gallery ထဲမှာ တစ်ပုံချင်း၊ တစ်ကွက်ချင်း အရောရောအထွေးထွေးနဲ့ ပါဝင်ပေါင်းစပ်နေကြပါတယ်။
.
မည်သူမည်ဝါဖြစ်တယ်၊ ဘယ်လိုကင်မရာအမျိုးအစားကိုသုံးတယ် ဆိုတာနဲ့ ကျွမ်းကျင်မှုဘယ်လောက်ရှိတယ်ဆိုတာ အဓိကမကျပါဘူး။ World Photo Day ကနေ Photography ဖန်တီးခြင်းအပေါ်ထားရှိတဲ့ သင့်ရဲ့သိမှုအမြင်တွေကို ပွင့်လန်းလာစေဖို့ အထောက်အကူပြုနိုင်ပါလိမ့်မယ်။ ပြီးတော့ ဒီ World Photo Day အမှတ်တရ Event ကနေ သင့်ရဲ့ ကမ္ဘာမှာမြင်သမျှ ကိုယ်ပိုင်အမြင်တိုင်းကို အမိအရဖမ်းယူပြီး ပြန်လည်ဝေမျှလို့ ပြသနိုင်မှာလည်းပဲဖြစ်ပါတယ်။
.
World Photo Day ရဲ့ Official Website ကတော့ http://worldphotoday.com ဖြစ်ပြီးတော့ အဲဒီမှာပဲ Register ပြုလုပ်ကာ ကိုယ်ပိုင်ဓါတ်ပုံတွေကို ဝေမျှရင်း World Photo Day Event မှာပါဝင်လို့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ Landscape - ရှုခင်း/မြင်ကွင်းဓါတ်ပုံတွေကို ဝေမျှနိုင်မှာပဲဖြစ်ပါတယ်။
.
သင်ဟာ ဓါတ်ပုံတွေကို မြတ်နိုးချစ်မက်သူတစ်ဦးဆိုရင်တော့ သြဂုတ်လ ၁၉ ရက်ဒီနေ့မှာ သင့်ရဲ့ ဓါတ်ပုံတွေကို World Photo Day ရဲ့ Global Gallery မှာ Share ရင်း Event ကိုပါဝင်လို့ သင့်ရဲ့ကမ္ဘာကမြင်ကွင်းတစ်ခုကို ကမ္ဘာအရပ်ရပ်က ဓါတ်ပုံချစ်မြတ်နိုးသူတွေကို ဝေမျှလိုက်ပါတော့လေ။
.
ကျော်ညိုသွေး
Source from http://worldphotoday.com

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး