Blog ကို ပစ်ထားခဲ့တာကြာပြီ

 Blog ကို ပစ်ထားခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ သေချာတွက်ကြည့်တော့ ဆယ်စုနှစ်တစ်ခုဝန်းကျင်ရှိတော့မယ်။ Social Media ကို စွဲလမ်းပြီး Facebook ပေါ်မှာ လွင့်နေ၊ မျောနေခဲ့တာ ဒီလောက်ထိတောင်ကြာခဲ့တာလား။ ဒီကြားထဲ Blog ပေါ်ကို Post တွေ တင်ဖြစ်ပေမယ့်လည်း အကြာကြီးကြာပြီးမှ တစ်ခါ၊ နှစ်ခါလောက်ပဲရှိခဲ့တယ်။ အခုတော့ Social Media ကို သုံးချင်စိတ်က ကုန်သလောက်နီးပါးဖြစ်သွားခဲ့ပြီး Blog ကို ပြန်သတိရလာမိတယ်။ Blog ဖတ်သူတွေရော ရှိသေးရဲ့လားတော့မသိပေမဲ့ ကိုယ်ရေးဖြစ်တာလေးတွေ ဒီမှာ ပြန်တင်ရင်ကောင်းမလားလို့တော့ စဉ်းစားမိတာပါပဲ။ ဘာပဲဖြစ်ဖြစ် တိုက်ဆိုင်ပြီး မျက်စိလည်လမ်းမှားရောက်ခဲ့သူ တစ်ယောက်တလေဖြစ်ဖြစ် ရှိခဲ့ရင်တော့ ရေးတာတွေ မြင်ပါစေပေါ့။ 

Comments

Anonymous said…
စာသေချာ မဖတ်ဖြစ်တာ အတော်လေးကြာနေပြီ။
ဘာကိုမှ ထပ်မမြင်ပါရစေနဲ့တော့လို့ ရည်ရွယ်ပြီး Facebook ကို ဖျက်ပစ်ဖို့အထိ စိတ်ကူးမိလိုက်သေးတယ်။ အရင် ဘလော့ခေတ်တစ်ခုကို ပြန်ရောက်ချင်တယ်ဗျာ။ ဖြူဖြူစင်စင် ဆွေမျိုးတွေလိုပဲ ပြန်နေချင်တယ်။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး