ပင်လယ်ရေ

အရိယာတွေမဖြစ်တော့လည်း
ကိလေသာအချစ်ကိုတောင့်တမိတာပဲ
အသိတွေမှာ မစစ်လို
အချစ်ကို တဏှာလား အနှစ်လား
ဒါကအပြစ်လား
တဏှာအချစ်ကို တစ်ကယ်မယူပဲ
ဘယ်သူလဲ လွန်ဆန်ရဲတာ
အလွန်မှန်အမြဲသာ အသည်းက လိုရင်းရှာကြည့်တော့
ကိုယ်ချင်းစာ အသိတွေလည်းပျောက်။

ရဲရဲတောက် တဏှာတွေနဲ့
ငါလေငဲ့ချစ်ဦးမယ်။
အပြစ်ဖုံးနေလည်း အချစ်ဆုံးသူ့ကို
ပစ်မမုန်းဘူး ချစ်တယ်
အပြစ်ကြွယ်နေတဲ့ တဏှာအချစ်နဲ့
ကဲ…ဘာဖြစ်သလဲ။


ကျော်ညိုသွေး

Comments

Angel Win said…
အပြစ်လည်း မဟုတ်ဘူး
အနှစ်လည်း မဟုတ်ဘူး
တဏှာလည်း မဟုတ်ဘူး
နောက်ဆုံးတော့ နောင်တတွေပဲ
Hnin said…
သဘာဝဟာ သဘာဝပါ
ကိုထီးပြောခဲ့တာ မှတ်မိသေးလား
သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး