ပါပါးနဲ့ မာမားက မေးတဲ့အခါ  ကိုယ့်အကြောင်းထဲမှာ  အနုပညာလည်း ၀ါသနာပါတာ  ချန်လှပ်ထားခဲ့ကွယ်…။   အင်ဂျင်နီယာ တစ်ယောက်က ပြောဖူးရဲ့..  စိတ်တွေလေနေလို့သာ  ကဗျာတွေ ရေးကြသတဲ့။  ကိုယ်တို့ရဲ့ ဘော်ဒါတွေကတော့  လက်တွေ့နဲ့ စိတ်ကူးယဉ် မှာ  ဟိုဘက်အခြမ်း နဲ့ ဒီဘက်အခြမ်း  ခေါင်းနဲ့ပန်းပါပဲ။   ပါပါး နဲ့ မာမား အမြင်အတွက်  စီးပွားရေး သမားလေးအသွင် သားမက်ကလေးပဲ  ဖြစ်ချင်ပါတယ်။  ရင်ထဲက အနုပညာတွေ ဖွက်လို့  ကိုယ့်အခက်အလက်တွေ ကြားထဲက  ရွက်ပုန်းသီး ကဗျာလေးတွေပဲ  တိတ်တခိုးချိုနေမယ်။   အနုပညာ နဲ့ အောင်မြင်ဖို့ထက်  အိမ်ကလေး တစ်လုံးအသွင် ပီပြင်လာဖို့  ကြုံလာတဲ့အခါ။  ကိုယ့်အက္ခရာတွေလည်း ခ၀ါချ  ကိုယ့်မျက်လွှာတွေလည်း အသာချ  ပကာသန တိုက်ပုံဝတ်လို့  ကဗျာက အမှိုက်ပုံဖြစ်လို့ရယ်။   ကိုယ်ကတော့ သစ္စာကိုချစ်လို့  မေတ္တာကိုနှစ်ချို့အောင်ပေါင်းဖို့  အချစ်ကဗျာကို ပစ်လို့တောင် ထားခဲ့ပါ့မယ်  ညီမလေး။    အခုတော့….  ကိုယ့်ကဗျာတစ်ပုဒ်က ညီမလေးရဲ့ ဖိနပ်တစ်ရံဖိုး  ကိုယ့်အိတ်ကပ်မှာက အချစ်အတွက် မညီမျှသေးတဲ့ ရောင်စုံခြယ်ကျပ်တန်တစ်ချို့  လောကဓံနဲ့ ဘောကန်ဆဲပါပဲ  အသီးအပွင့်တွေ ကလည်း တစ်ခါတစ်လေ နပ်မမှန်လို့  ကွင်းပြင်ကျယ်ထဲက လေတွေ အဆုတ်ထဲထိ  တစ်အားရှို...