ပိတုန်း တံဆိပ်



ကြက်ဥရယ် က သုံးလုံး
မပျက်အခုတစ်ကယ် အသုံးချမည်သာ ကြံ
ဘရန်ဒီမှာ တစ်ဇွန်း ထားသမို့
နွားနို့ရည်က မယွန်းအစိတ်သား
သိပ်များရင် ခက်လိုက်မှာမို့
ငှက်သိုက် တစ်ကျပ်သားမှာလေ
ရေ လက်ဖက်ရည် သုံးပန်းကန်လုံးနဲ့
ရွှေအပြုံး အမှန် အသုံးပြန်ရဖို့
ရေနှစ်လုံး ကျန်အောင်
မသွေ နှုန်းအမြန် နဲ့ ပေါင်း။

ကျော်ညိုသွေး

Comments

ကြက်ဥက ၃ လုံး၊ ဘရန်ဒီက ၁ ဇွန်း၊ နွားနို့က ၂၅ ကျပ်သား...အဲ..ငှက်သိုက်ကတော့ ဘယ်မှာ ရှာရမှန်းမသိဘူး....ထောင်းလမောင်းထအောင် အစွမ်းပြလို့ရပြီပေါ့နော် ဘကြီး...။ ဟူးးးး

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး