Status after divorce (SAD)


Status after divorce (SAD)

အချစ်တွေ ….
ဝေမျှလိုက်ရတော့
မုန့်တွေလည်း..
တစ်ယောက်တည်း အထီးကျန်စွာစားရတယ်။

ကြင်နာသူမရှိရင်
သူ့အတွက်စဉ်းစားစရာလည်းမလို
ဟင်းစားမှာလည်း အချင်းမများပဲ
ထမင်းများလည်းပို။

အမြဲလိုလို အငိုက်တစ်ယောက်တည်း
အကဲပို အကြိုက်တစ်ယောက်လည်းမရှိတော့
အမြဲကို ဗိုက်မှောက်လည်းမှောက်
တကတည်းကို လိုက်သောက်လည်းသောက်
ဗိုက်ခေါက်လည်း ကောက်လို့ဆွဲမယ့်သူမရှိ။
အကြိုက်သောက်လည်း ရောက်လို့တွဲမယ့်သူမရှိ
မှောက်လို့လည်း လဲချင်ရာလဲ။

မကြောက်လို့ပဲ မွဲချင်ရာမွဲ
သောက်လို့လဲ ဆဲချင်ရာဆဲ
ကွဲချင်ရာကွဲ
မြဲချင်တာလည်း မမြဲမှတော့
အမြဲအစဉ်သာပဲ
ဆွဲ ထင်ရာဆွဲကိုင်လို့
လှဲချင်ရာလှဲ
ပွဲမြင်ရာထဲလည်း
ကဲ…၀င်ပါဆဲ
ချဲချင်တာလည်း အမြဲ။

ကျော်ညိုသွေး

Comments

Anonymous said…
စောက်ရူးပဲ....

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး