ဂျာစီကလေး တစ်ထည်အကြောင်း ( ၂ )


ဂျာစီကလေး တစ်ထည်အကြောင်း ( ၂ )

သစ်ပင်ဟာ သူ့ရဲ့ ပန်းမပွင့်နိုင်တဲ့အကြောင်းတွေ
လူတွေကို ရှင်းမပြနိုင်တဲ့အခါ
ကိုယ့် အမြစ် ကိုယ်တူးလို့
တင်ပျဉ်ခွေ ထိုင်နေခဲ့တယ်။

ဘ၀တာ မှာ
စိတ်ညစ်ညူးစရာတွေ များလို့
ပျော်ရွှင်စရာတွေက နှမ်းဖြူးထားတယ်
ဒါကြောင့်မို့
စိတ်မရွှင်တိုင်းမှာ အ၀ါရည် မသောက်ခဲ့ဘူး ဟန်နီ။

တွေးမိတော့…
အနုပညာ ပစ္စည်းဟာ ချဉ်ဖတ်စော်နံနေခဲ့
အနုပညာဟာ ချဉ်ဖတ်ပေါ့
သိပ်သိပ်သည်းသည်း နှပ်ထားခဲ့ရတဲ့ အရာ
ကောင်းကောင်း အဖြေရှာဖို့မလွယ်သရွေ့
ခံတွင်း မတွေ့နိုင်ဘူး။

အ၀ါရည်ခွက် အကြည်ကို ကိုင်လို့
ပန်းမပွင့်တဲ့ သစ်ပင်ရှေ့ ရပ်မိတဲ့အခါ
နှပ်ထားခံနေရဆဲ ချဉ်ဖတ်ပေါ့ကွယ်။     ။

ကျော်ညိုသွေး

Comments

Anonymous said…
အရမ်းကောင်းတယ်ဗျာ။
ချဉ်ဖတ်တွေရော အ၀ါရောင်အကြည်တွေရော... အနံ့တွေ ရနေသလိုလို... :)

ခင်လျက်
Junemoe

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး