မိုင်လေးရာကျော်
မိုင်လေးရာကျော် အဲဒီတစ်ရက်က ကျွန်မဟာ ကျွန်မရဲ့ အတန်းစာတွေ နဲ့လုံးပန်းနေရတဲ့ အချိန်ပေါ့။ ကျွန်မဟာ လုပ်လက်စ အိမ်စာတွေကို ခဏရပ်ထားလိုက်ပြီး အိမ်ရှေ့ ၀ရန်တာကနေ အပြင်ကို ငေးရင်း လေကောင်းလေသန့်ကို ရှုရှိုက်နေမိတယ်။ ပထမဆုံး ကျွန်မရဲ့ အမြင်အာရုံထဲ ကို ၀င်လာတာက ယူနီဖောင်းကို ၀တ်ဆင်ထားပြီး ဘေးလွယ်အိတ်တစ်လုံးကို လွယ်ထားတဲ့ စာပို့တိုက် ၀န်ထမ်းတစ်ဦးသာပါပဲ။ ကျွန်မတို့အိမ်ရှေ့က စာပုံးလေးထဲကို စာတစ်စောင်လာထည့်သွားတာကို မြင်လိုက်တယ်။ အဲဒါနဲ့ ကျွန်မလည်း အိမ်အောက် ဆင်းပြီး စာအိတ်ကလေးကို ယူကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ နာမည် ယူဂျင် လို့ တပ်ထားပြီး ကျွန်မတို့ အိမ်လိပ်စာနဲ့ပေါ့။ စာအိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ တွေ့ရတာက စီဒီပြားတစ်ချပ်နဲ့ စာရွက်တစ်ရွက်၊ အဲဒီစာရွက်ပေါ်မှာတော့ ကွန်ပျူတာစာလုံးတွေနဲ့ ရေးထားတဲ့ သီချင်းစာသား အပါအ၀င် ကော့ဒ်တွေ ၊ ပြီးတော့ စီဒီချပ်က မီနီစီဒီအသေးလေး ၊ ပလေယာထဲကို ထည့်ပြီးဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ တီဗွီမှာ ပွင့်တဲ့ အသံတွေက သီချင်းစာရွက်ထဲက စာသားတွေကို လိုက်ရွတ်လို့နေခဲ့တယ်။ ကျွန်မဟာ အလျင်စလိုပဲ ၀ရန်တာကို ထွက်လိုက်မိတယ်။ ကျွန်မရဲ့ ရှေ့တည့်တည့် ကောင်းကင်ကြီးကို ကြည့်...