သူ…..
တွေ့ဆုံခြင်းများစွာ တွင် သူနှင့်တွေ့ဆုံခြင်းသည် ပဟေဠိဆန်သော တွေ့ဆုံမှု့တစ်ခုဖြစ်ခဲ့သည်။ အမှတ်တစ်မဲ့ တစ်ခုအတွက် အမှတ်တစ်ရ ဖြစ်နိုင်သော အခြေအနေတွင် သူနှင့်ကျွန်တော် စတင်တွေ့ဆုံခဲ့သည်။ တွေ့ဆုံခြင်းမှာ စနစ်တစ်ကျလွဲမှားနေလိမ့်မည်ဟု ကျွန်တော် ထိုစဉ်ကမသိခဲ့။ ဟိုးအရင်အတိတ်တွင် ကျွန်တော်မမက်ဖူးသော အိပ်မက်များထဲတွင် သူ ပါဝင်ခဲ့သည်။ မထင်မှတ်စွာဖြင့် ရင်ခွင်တွင် မြည်ခဲ့သော ခေါင်းလောင်းသံတို့သည် မှာယွင်းစွာ အသံထွက်ခဲ့ပြီး အဆီအငေါ်မတည့်သော ဝေဒနာတွေသာ တည်ခဲ့သည်။
ပန်းစကားတို့ဖြင့် တစ်ခါတစ်ရံ သူနူးညံသည်။ ဆူးခက်တို့ဖြင့်တူသော မာနတရားတို့ ဖြင့် တစ်ခါတစ်ရံ သူ ခက်ထန်သည်။ မှန်ကန်ခြင်းမရှိသော်လည်း မှားယွင်းသည်ဟု ခေါ်ဆိုမရသော သူ့ အတ္တအခန်းငယ်တို့သည် လင်းလက်လျှက်ရှိသည်။ အဆိပ်သင့်ခဲ့ပြီဟု ကိုယ့်ကိုယ်ကို မှတ်ယူရင်း မှားယွင်းသော စိတ္တဇ တို့ကို ကိုယ်ကိုယ်တိုင် တိတ်တခိုးဝန်ခံခဲ့ပြီး၊ ကိုယ်ကိုယ်တိုင် တိတ်ဆိတ်စွာပင် ငြင်းပယ်ခဲရခြင်းဖြင့် ဝေဒနာ ပုံရိပ်တစ်ချို့ကို နှလုံးသား တံခါးနံရံတွင် ရိုက်နှိပ်ခဲ့ရသည်ကို သူမသိခဲ့ခြေ။ ခရေကိုကောက်ရင်း နှင်းဆီပန်းကို လွမ်းနေမိသော ကိုယ့်ကိုယ်ကို မုန်းသည်။ သူသည် နှင်းဆီပန်း တစ်ပွင့်ဟု ကျွန်တော် မှတ်ယူမိပါသည်။ လှပသော ပွင့်ချပ်များဖြင့် လတ်ဆတ်နီစွေးသော အသွေးနှင့် စိမ်းလန်းသော ပွင့်ညှာတို့ဖြင့် သူသည် တင့်တယ်လှပဧ။်။ သို့သော် သူဧ။် ထက်မြသော ဆူးများ ကို မ၀ံ့မရဲ့ဖြစ်မိသော အခါ နှစ်လွှာရှိသော စိတ်သည် ဟိုတစ်ဖက် သည်တစ်ဖက် လွန်ဆွဲကာဖြင့် အကြင်ခက် မြင်လျှက်နှင့် နာကျင်မိသည်။
သူ….လှပသော ပန်းတစ်ပွင့် ဖြစ်သည်ကို ချစ်ခြင်းမပါသော ရိုးသားမှု့ ဖြင့် ကိုယ်တိုင် ရိုးသားစွာ အသိအမှတ်ပြုကာ နှလုံးတွင်ထပ်ဟပ် သုံးသပ်မိသည်။ ကိုယ့်အတွက် မပြုံးတတ်သော သူ့ကို စိတ်ကူးပန်းချီဖြင့် ပြုံးခိုင်းမိသည်။ သူ့ကိုမြင်တိုင်း ကောင်းကင်သည် ပန်းရောင်အသွေးသို့ ပြောင်းလဲသွား ခဲသည့်ဟု ထင်မှတ်မိသော ကိုယ့် မသိစိတ်ဧ။် ကဗျာဆန်သောအတွေးကို အသိစိတ်မှလှောင်ရယ် ဟားတိုက်လိုက်တိုင်း အရည်ပျော်ခဲ့ရသော မိုးတိမ်တို့သည် ပူလောင်ခါးသက်ဧ။်။ သို့သော်လည်း အစဉ်လွဲမှားခဲ့သော ဇတ်ဆရာဧ။် အပ်လာသော ဇတ်ညွှန်းအတိုင်း သူ့ အတွက် ဇတ်ရံတစ်နေရာမှ မထင်မရှား ကကွက်များဖြင့် သာ စည်းချက်မှန်အောင် ကြိုးစားနေမိသည်။
နောက် သက္ကရာဇ်ပေါင်းများစွာတိုင် သူ့ ဆူးခက်များ ထက်မြနေပေဦးမည်။ မက်မောဖွယ် ပွင့်လွှာအုံ ဖြင့် ကားစွင့်နေသော သူ့အလှတွင် ပျားပိတုန်းများ ဆောက်တည်ရာမဲ့ခဲ့ကြသည်ကို ကိုယ်ကိုယ်တိုင် သိခဲ့ပါဧ။် ။ သိသိလျှက်နှင့် ကိုယ့်ကိုယ်ကို ဇွတ်မှိတ်လိမ်ညာနေခဲ့ ရသဖြင့် ကိုယ်တိုင်ရေးကဗျာများ ခါးသက်ခဲ့ရခြင်းကို ယခုအချိန်ထိ ပြင်ဆင်၍မရသေး။
ငယ်စဉ်က နှင်းဆီပန်းပွင့်လေးများကို တစ်လွှာခြင်း ခြွေခဲ့သော ကိုယ့်ကို ယခုအခါ တွင် နှင်းဆီပန်းကလေးက ခြွေခြင်း ခံနေရသည်ကို တွေးမိသောအခါ အသေအချာပြုံးမိသည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်ကျေနပ်မိသည်။ သူဧ။် နားပေါက်မှ တွဲလွဲခိုနေသော နားသံသီးလေးများဧ။် လှုပ်ခါမှု့မျိုးဖြင့် တစ်ချက်တစ်ချက် လှုပ်ရမ်းလာသော နှလုံးသားမှ ကဗျာတို့ ပလုံစီကာ ပေါ်ထွက်လာတိုင်း သူကျန်းမာဖို့ ကျွန်တော် ဆေးသောက်မိလေသည်။
ကျော်ညိုသွေး

Comments