Underground ကဗျာ





















Underground ကဗျာ


ဒါဏ်ရာအဟောင်းတွေကြောင့်
Underground ဖြစ်ခဲ့ပြီလား
နှစ်နဲ့ချီထားတဲ့ အဆွေးတွေက ကျောက်ဖြစ်
နောက်နှစ်ပေါင်းများစွာမှာ တည်မယ့်ကမ်း
နဒီရဲ့နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း နမ်းချင်နေတဲ့ ကဗျာ
စခန်းမဲ့ အ၀ါတွေနဲ့မို့
အလွမ်းနဲ့ ကဗျာတွေကြားထဲ
အသွားလည်း တမြည့်မြည့်ရှမယ်
ကြည့်မရ အမြင်စောင်းစေမယ့်ကဗျာ
အ၀င်မကောင်း ခါးတဲ့ဆေးလို့
ကျဉ်အပေါင်းအများရဲ့ဘေးကိုရောက်
ရင်ခေါင်းကို ပုဆိုးတက်ပြီး
အငြိုးလက်သီးပြတဲ့ကဗျာလား
ဒါထားကွယ်…….
ငါကြားတယ်…….
မဟာ့ မဟာ အမှားတွေနဲ့
ကဗျာ့ ကဗျာ ကဗျားတွေလည်း ဖြစ်ကုန်ပြီတဲ့
လှစ်-တုန်ရီတဲ့အသံနဲ့ ပြောတယ်
မာန်လည်း လျှော့သင့်ပါပြီတဲ့
ငါရယ်ခဲ့ အတန်တန်သာ။
ရန်အဖြာဖြာ မပြတ်သ၍တော့
အပြန်အလှန် ငါ စပ်နေဦးမယ်
မခံသာတဲ့ ဓာတ်တွေနဲ့
အမှန်သာ သေနတ်ပစ်နေဦးမယ့် ကဗျာ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး