ကြင်စဦး

Image by millzero.com via Flickr






Endless love



မြင်မြင်သမျှ အဖူးတွေက ပွင့်တော့မလိုလို
ရင်ခွင်က အမြူးတွေက ၀င့်ပေါ့ အလိုလို
မလင့်ပေါ့ပျို အကြိုက်အတိုင်း ဆောင်
အကျင့်တော့ မခို အို…အခိုက်အတိုင်း အောင်စေဖို့
အမှိုက်မှိုင်း အမှောင်တွေစွန့်လို့
အမိုက်တံတိုင်း အယောင်အဆင်လည်း ရိုက်ပိုင်းလို့ချိုး
တိုက်တိုင်းအောင်မြင်တဲ့ စစ်သူကြီးလို။

အကြိုက်ခိုင်း မရှောင်ချင်ခဲ့ ဒါ…ချစ်အပူမီးဆိုလည်း
မငိုက်မထိုင်း မောင်မမြင်ခဲ့ပါ လှစ်ကျူအညည်းလိုလည်း
အသစ်အတူခရီးကိုလည်း ပစ်မယူ ထီးမလိုပဲ
ခြစ်အပူမီးလို ကြဲလန်ကာကျစေဦး
ချစ်သူအနီးမို့လည်း ကန္တာရတွေ အဆုံးထိပတ်ဖို့
ကျန် ပကာသနတွေလည်း တုံးတိဖြတ်ခဲ့တယ်။




ကျော်ညိုသွေး
Reblog this post [with Zemanta]

Comments

nadine said…
ကြိုက်တယ် ကို ဂစ်ရေ..............

(ကို)
http://ko.iblogger.org

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး