အပေါစား ပေါင်မုန့်

ကိုယ်ပြောချင်တာ ပြောခဲ့ပြီးမှတော့
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ် လို့…
မပြောတော့ပါဘူး။

ဘာပဲပြောပြော…
ကိုယ်ဖုတ်တဲ့ ပေါင်မုန့် ကို
ကိုယ်စားချင်စိတ်ရှိဖို့ပဲလိုတယ်။
ပြောင်းဖူးဆိုပြီးတာပဲလေ။
အဖုတ်ပဲဖြစ်ဖြစ်
အပြုတ်ပဲဖြစ်ဖြစ်
နုရင်…၊ လတ်ရင်ချိုမှာပဲ။

ငိုပြရင် ငွေရတဲ့ခေတ်မဟုတ်တော့
သူတောင်းစားတွေတောင် ဟစ်ပ်ဟောပ့်နဲ့ က။
ငါချက်တဲ့ဟင်းကိုတော့...
ငါကိုယ်တိုင်စားလို့ မြိန်ခဲ့တယ်။

ကျော်ညိုသွေး

Photobucket

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး