ကော်နက်ရှင်တွေကောင်းတဲ့နေ့



ကော်နက်ရှင်တွေကောင်းတဲ့နေ့ပေါ့
ငါ့ Freelance အလုပ်လေးတွေပြန်လုပ်မယ်
မပြီးသေးတဲ့ ဒီဇိုင်းလေးအတွက် ငါ့ကိုပံ့ပိုးမယ့် ဆရာတစ်ယောက်ဆီလည်လည်သွားမယ်
ငါ့ညီမလေး လိုချင်တဲ့ ဆွယ်တာ ဒီဇိုင်းတွေနဲ့ ချစ်စရာ့ ပူစီ ပုံလေးတွေ
ဒေါင်းလုတ်ဆွဲမယ်။
မီးငယ်ပေးထားတဲ့ လင့်ကလေးလည်း သွားကြည့်ရမယ်
မြန်တဲ့လ်ဒေါ့နက်ဒေါ့အမ်မ်အမ်မ် က အလုပ်အကိုင်ကြော်ငြာလေးတွေလည်း
အပလိုင်းလုပ်ရတာ အိုကေ နေမယ်။
အွန်ဝမ်းကလစ်ခ် မှာ အလွန်အရမ်းအဖြစ်တွေက မြန်နေမယ်မို့
မှန်းထားတဲ့ အသစ်တွေကလည်း ဟန်နေမယ်။
ပုံပြင်ထဲက ယူကျူ့ဘ် ဟာ ဘယ်လိုများလဲ
ပုံပြင်ထဲက ရာဟူးဟာ သိပ်ကိုစွဲလန်းတယ်
ပုံပြင်ထဲက ဖေ့စ်ဘုတ်ဟာ သိပ်ကို ခန်းနားတယ်
ပုံပြင်ထဲက တွဒ်တာ ဟာ တစ်ကယ်ပါ ငါ့ကို အိပ်ရာဝင် မောစေတဲ့ အရာပါ။

အိပ်မက်ထဲမှာ အကြည့်တစ်ချက်နဲ့တင်
အရာရာဟာပွင့်လန်းလာသတဲ့ကွယ်
ပန်းတွေက လက်ညိုးတစ်ချက်အ၀င့်မှာ ပွင့်လာကြသတဲ့
ငါပျော်နေပါတယ် သူငယ်ချင်း
မင်းတို့ ပျောက်ဆုံးနေတဲ့ ချွေးစက်တွေကို ငါ့နဖူးမှာမြင်ရမယ်။

မင်းသိလား
ငါနေမကောင်းတုန်းက အိပ်မက်တွေကယောင်ကတမ်း မက်တယ်
အရမ်းချမ်းတဲ့ဆောင်းညမှာ ငါ့အိပ်မက်တွေဖမ်းဆုပ်မရ….ဖမ်းဆုပ်မရ….ဖမ်းဆုပ်မရ။
ငယ်ငယ်တုန်းက စာအုပ်တွေတစ်လှေကြီးနဲ့
ကျောင်းတက်ခဲ့ရတာကို ပြန်သတိရမိတယ်။






ကျော်ညိုသွေး


Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး