ဗစ်တိုးရီးယားသူ အလှဖွဲ့

ဆရာတွေ များလွန်းပေါ့
ငါလေ တစ်အားမွန်းတယ်ဟေ့
တစ်ခါတစ်လေ သွားတွန်းမယ်ဟေ့
ရွှန်းတယ်လေ့ ဆော်တွေရယ်။

အတော်လေတယ် ဂေါ်နေတယ် တစ်အား
အော်…အမေရယ် ကယ်ပါဗျား
တစ်ကယ်ပါလား ပဲများလိုက်တာ
ဟယ်…ငါများ အသဲမှားခိုက်စရာ
အယ်…ခါသွား ဘဲသွား ဆိုဒ်ပါ။

ကဲ…သွားလိုက်ပါ ၀င်နှောလို့
ရင်ရော…တင်ရော..အပြင်သဘောအမိုက် ဂေါ်
ပြင်ပြောလိုက်နော် သဘောခွေ့အောင်
ချောပေ့ တောင်ဖျား။

ဟော…တွေ့အောင်လား အဟိ
ပြောဓလေ့ဆောင်မလား မသိ
ဟော…ဟေ့ကောင်များ အပီကပ်သွားကြည့်
တီရှပ်အနား လိပ်တင်လို့
ရှိတ်ရင်…ပြချင်တဲ့သူဟုမှတ်။

ဂလု..အဟတ်…အတော်လှတယ်
ဂျပု့ အထပ်ကဆော်တွေလည်း
အတော်လေ ရွဲကြတာပေါ့
အော်လေ..ချွဲပွစရာကောင်းပါ့
ဘယ်ဘဲမှ လာမချောင်းပါလေ ဟယ်။


မဖယ်တမ်းပြောမှ
တစ်ကယ်တမ်း တစ်ကယ်တမ်းသဘောကျ
အထည်တန်း ချောနှမတွေက လန်းတယ်
အရမ်းအရမ်းရယ် ဖလန်းဖလန်း ထ
ကမန်းကတန်း ထပြေးရအောင်
လှသွေး မောက်ကြွှတာပေါ့
ညကလေး တစ်ညမှာ ခဏလောက်
လကလေး ပျောက်ရင် လှမယ်။

ဟ..ကွယ်…အရမ်းလန်းတယ်ဟေး
အဆန်းပလန်းရယ် တွေးမိမှ
ပြေးကြည့်မှ ငေးစရာလေး အတင်းဖြစ်
အပျင်းစစ်တမ်း ကောက်ရမဲ့
စာရင်းစစ်ခန်း အပေါက်ဝက ငဲ့လိုက်တော့
အင်း ရှိုက်ပလား (ရှား)
ပုလင်းဆိုဒ်များ ကလည်း မောဖွယ်တစ်အား။

ချောတယ်..အဟား ..အကုန်ချော ပါဘိ
ပြောမယ် စားကုန် ရော ကြည့်ပါကွယ်
တစ်အား အဟုန် ဇောကြွ အောင်
ချောသမျှ အမောကကြွယ်
သြ…ချရတယ်
ချောနှမ အဆင်က ဖြူ
ဆံပင်က လူလောက်နဲ့ တူသမျှရှား
လူက လား ဆံပင်လောက်ကွယ်။
ဘုရင်ကောက်ချင် စရာ ပြင်သလောက်လည်း
“အင်” အခြောက် အဆင်လည်းရှိတယ်နော်။

တယ်ချောတယ်ဟေ့ VSM မှာ
အပီရက်အမှန်သာ လာရင်
ပလီပလက် အအီဆက်လို့
ပန်ချီပျက်အောင် လန်တာတွေ တွေ့မယ်
မှန်ပါပေ့ တစ်ကယ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး