စိတ်အေးအေးထားပါ သူငယ်ချင်းရာ

သူက မင်းစိတ်နာအောင်
ဘာများလုပ်မိလို့လဲ သူငယ်ချင်းရာ။
တစ်ခါတစ်လေ
မျှော်လင့်ချက်ကလေးတွေ ပေးတတ်တာနဲ့
တစ်ခါတစ်လေ မိန်းမပီပီသသ မာယာလေးသုံးတတ်တာနဲ့
မင်းကိုလွမ်းတယ်ဆိုပြီး…
ကွယ်ရာမှာ ယောက်ျားလေးသူငယ်ချင်းနဲ့ တွဲတတ်တာလောက်နဲ့များ
မင်း အငြိုးတွေမထားပါနဲ့ သူငယ်ချင်းရာ။

မင်းအနားမှာ သူရှိနေတုန်းမှာ
မင်းပျော်ရတယ်မလား
“အစ်ကိုက သမီးအတွက်အရေးကြီးဆုံးပါပဲ” ဆိုတဲ့စကားရယ်
“အစ်ကို့ကို အရမ်းသတိရနေတာ” ဆိုတဲ့ စကားလုံးတွေနဲ့
မင်းပျော်အောင် သူလုပ်ပေးခဲ့တာပဲ။

တစ်နှစ်လောက် အဖြေစောင့်ရတာကို
မင်းဘက်က မစောင့်နိုင်ဘူးဆိုပြီး
လုပ်ချင်ရာတွေ မင်းလျှောက်လုပ်တာ
သူမသိဘူးဆိုပေမယ့် ငါသိတယ်သူငယ်ချင်း။

မန်ယူတောင် ရှုံးလို့ထွက်သွားရပြီ
မင်းအရှုံးမပေးနဲ့လေ သူငယ်ချင်း။

မင်းက မင်းတောင်းထားတဲ့ အဖြေမရလို့ စိတ်မရှည်ဖြစ်ချင်တယ်
အလွမ်းသီချင်းတွေ ကြားတိုင်း အဲ့ဒီသီချင်းနဲ့ သူ့ကိုစကားနာထိုးမယ်
မလုပ်နဲ့သူငယ်ချင်း သူစိတ်ကသိကအောက်ဖြစ်မှာပေါ့။
အလုပ်နဲ့မင်းချစ်ရတဲ့ ချစ်သူကောင်မလေး
ဘယ်ဟာကို ဦးစားပေးမလဲ။

သူ့ကျုရှင်ဆင်းချိန်တွေ မင်းအကြိုအပို့လုပ်နိုင်ခဲ့လား
သူ့အတွက် လစဉ် ပျော်စရာလေးတွေ ဖန်တီးပေးနိုင်ခဲ့လား
အချစ်အတွက် မင်းစိတ်လေမှာစိုးလို့
အချစ်တွေ သူ့ရင်ထဲမှာ မျိုသိပ်ထားတာ မျိုးဆို
မင်းဘယ်လိုလုပ်မလဲ။

စိတ်လျှော့သူငယ်ချင်းစိတ်လျှော့
လူဆိုးမလုပ်ပါနဲ့သူငယ်ချင်း
မင်းအလုပ်ရှုပ်ရင် အနှောက်အယှက်ဖြစ်မှာစိုးလို့
မင်းဆီတောင် သူမလာခဲ့ဘူး။
တွေ့ကရာသူငယ်ချင်းနဲ့ မင်းကိုသတိရလို့ ဖြေနေမယ်
မင်းတွေးမိရဲ့လား။

နှစ်ယောက်သားလက်ထပ်ပြီးသွားရင်
သံယောဇဉ်ဖြစ်ပြီးချစ်သွားမှာပေါ့
ချစ်သူဖြစ်စရာလိုသေးလို့လားကွာ။
စိတ်အေးအေးထားစမ်းပါ သူငယ်ချင်းရာ
သူ့ရင်ထဲမှာမင်းရှိကိုရှိပါတယ်ကွာ။

စိတ်မပူနဲ့သူငယ်ချင်း ငွေသာများများရှာ
ပညာသာများများတတ်အောင် လုပ်
မင်းအိမ်ထောင်ရေး သာယာဖို့ကိုရှေးရှု့ပေတော့ကွာ။


ကျော်ညိုသွေး

Comments

မင်းကိုလွမ်းတယ်ဆိုပြီး…
ကွယ်ရာမှာ ယောက်ျားလေးသူငယ်ချင်းနဲ့ တွဲတတ်တာလောက်နဲ့များ
မင်း အငြိုးတွေမထားပါနဲ့ သူငယ်ချင်းရာ။
=---------------------------------------=

စိတ်အေးအေးထားလို့ရဘူး ဘီလိုလုပ်ရပါ့ :)

ZaunG
sosegado said…
ငွေသာများများရှာ
ပညာသာများများတတ်အောင် လုပ်
မင်းအိမ်ထောင်ရေး သာယာဖို့ကိုရှေးရှု့ တကယ်တန်းတော့ ဖြစ်မလာဘူး သူငယ်ချင်း
နောက်ဆုံး ငွေတွေနဲ့ ပညာပဲ ကျန်ခဲ့တယ်
စိတ်ကနေပေမယ့် လူကမနေတာဘယ်လိုလုပ်မလဲ။ အငြိုးမထားပေမယ့် ကိုယ့်ဘာသာကို ကျိန်ဆဲနေမိတာ ဘယ်လိုလုပ်မလဲ။

ဟီးးးအပေါ်ကလူတွေလို ကြီးကြီးကျယ်ကျယ်ရေးကြည့်တာ..။ ဖြစ်မလားလို့။
shwezinu said…
မိန်းမများ ပေါလွန်းလို့ အေးဆေး ပါ..
one go two come three wait တဲ့ ကြားဘူးတာ ပြောတာပါ


အဆဲခံရအောင်လို့ စတာပါ

ရွှေစင်ဦး
စိတ် အေးအေးပဲ ထားပါတယ် .. :P
Anonymous said…
ကျော်ညိုသွေး...နာမည်လေးက လှသလို ကဗျာလေးတွေကလဲ လှပါတယ်။
ကောင်းတယ်ဗျ... မိုက်တယ်

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး