နွေကျောင်းပိတ်ချိန်

ညီမလေးကတော့...
အင်တာနက်ရယ် မရှိတဲ့နေရာမှာ။
ဒီကအသွေးကတော့
ကြင်စရာမျက်ကွယ် မရှိတဲ့ နွေအခါ။

ဖြေသာစရာ ဝေဆာလာတဲ့
ဖုန်းခေါ်သံတွေကိုပဲ
အပြုံးဖေါ်ရန် အသုံးတော်ခံနေရဆဲ။

ကျော်ညိုသွေး

Comments

ဟာ......... ကောင်းလိုက်တဲ့ကဗျာလေး.....။
တစ်ကယ်......။
ခင်မင်တဲ့
ဏီလင်းညို
ဟိုက်ရှားဘား...နွေပူပူမှာ ဘုန်းမောင်တစ်ကိုယ်တည်း အိုက်လွန်းလို့ ပုဆိုးစလွယ်သိုင်းပြီး လွမ်းနေတာပေါ့လေ။
အဟေးးးဟေးးး။
noblemoe said…
ညီမလေးတွက်ကဗျာလေးကောင်း၏
နှစ်သစ်မှာ ကိုညိုသွေး ရဲ့ ညီမလေးနဲ့ အပြုံး သံလေးတွေ ဝေဝေဆာဆာ အသုံးတော်ခံနိုင်ပါစေနော်
မိုး
အင်တာနက်မရှိပေမယ့် ဖုန်းလိုင်းရလို့ တော်သေးတယ်နော် .. :D
ကဗျာလေးခံစားသွားပါတယ်

အဝေးက ဆက်ရတယ်ဆိုရင်တော့ ဖုန်းခ အတော်ကုန်မယ်...း)
တိုတိုလေးနဲ့ ထိမိတဲ့ကဗျာပါပဲ ကိုကျော်ညိုသွေးရယ်...

ဖုန်းလေးရှိသေးလို့ တော်ပါသေးရဲ့...

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး