အမိုက်သား

အုန်းသီးကို ခြစ်တာမှ နို့ထွက်ဦးမယ်
အရှုံးမီးကို နှစ်တာက ပျို့တက်နုံးတယ်
ကုန်းသီးလို နစ်တာပ ကိုယ့်အတွက်ရှုံးတယ်။


တို့မက်မဆုံး တစ်ကယ် ကြိုက်တာလည်း
ကိုယ့်အသက်သုံးဆယ် အမိုက်ပါပဲ
ပျို့မျက်လုံးရယ် လိုက်ကာလည်းဖုံး။


အသိုက်ရှာဆဲ မဆုံးတမ်းကောင်းကင်မှာ
ဝိုက်ကာဝဲ အပြုံးပန်းတောင်းစဉ်မှာ
အငိုက်ငါလည်း အရှုံးလမ်းကြောင်းဝင်လာ။


နှလုံးလမ်းကြောင်းအပြင်နားမှာ အမုန်းလမ်းကြောင်းများယှဉ်ကာတွဲရစ်
အပြုံးစမ်းချောင်းများ ကျဉ်ကာခွဲ သုံးတန်းကျောင်းသား အကြင်နာလည်းနစ်။




ကျော်ညိုသွေး

Comments

Rhyme Master ကြီး မိုက်နေပြီပေါ့။
ဟိုက္ကူစပ်နည်းလားဘာလားမသိဘူး။။ အဲဒါမျိုးလေးတွေ ရေးပြပါဦးဗျ။
Anonymous said…
သုံးတန်းကျောင်းသားဆိုပါလားကွယ်ရို့
Flower said…
ကဗျာလေးတွေလာဖတ်ပါတယ် ကိုကျော်ညိုသွေး
Ning ဘက်က ကာကွယ်ရပ်တည်ပြီး comment ပေးခဲ့တာလေး အတော်သဘောကျမိတယ်ဆိုတာလေးပါ ပြောချင်လို့ပါ..
မြန်မာပြည်က ကလေးတွေတော်တော်များများက ဘလော့ထဲက စာတွေဖတ်ဖို့ မလွယ်ဘူးဆိုတာ မှန်သလို
ဆိုရှယ်ဆိုဒ်တွေကနေ သူတို့လေးတွေ ဖတ်ကြတာကိုဘဲ ၀မ်းသာရပါတယ်.. ကျွန်မကိုယ်တိုင်ကလဲ Ning ချောကလက်မှာ ကိုယ်ရေးတဲ့စာတွေကို ပြန်တင်ပေးနေကျမို့ နားလည်မိတယ်..
ကိုယ်ချင်းစာမိတယ်.. အဲဒီနေရာကလေးကနေ သူတို့လေးတွေ စာတွေဖတ်ခွင့်ရနေတာကိုဘဲ သဘောကျစရာကောင်းနေပါပြီ..
ကိုယ်ရေးတဲ့စာကိုက သူများကိုဖတ်စေချင်လို့ ရေးတာဖြစ်တဲ့အတွက် သူတို့လေးတွေ ဘယ်လိုဘဲဖတ်ဖတ်
ဖတ်ကြရင်ဘဲ ၀မ်းသာစရာမဟုတ်လား..
တစ်ဆက်တည်း ကလေးတွေရဲ့ကိုယ်စား
ကျေးဇူးတင်ပါတယ် ဆိုတာလေးပါ ပြောသွားခဲ့ပါရစေ..

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး