ပရိုမိုးရှင်းန် ထန်းခေါက်ဖာဘွဲ့

ဖာအညွှန်းမှာ
ဖာလှကြောင်းနဲ့ ဖာတွေရဲ့ဂုဏ်အင်
စုံလင်အောင်စာတော်တင်လို့
အကုန်ပင်ပြောင်စင်အောင် တင်စားချက်တွေနဲ့
မြင်သွားအောင်ရက်စက်စွာဖွဲ့တာလည်း
ဟဲ့..ငါလည်း မမဲ့သာပဲပြုံး။


အလဲ့….ဖာတစ်လုံးရယ်မှ နှစ်ကျပ်
အမြတ်ကောကျန်ပါ့မလားကွယ်
သူ့ဟန်က ယခုပင်လှန်ပြမတဲ့
မကျန်ရ အနာအဆာ
အခါခါအစစ်ခံဝံ့သတဲ့လေ။
အပြစ်မကျန်အရမ်းလှသမို့
အစစ်အမှန်တမ်းတဖို့ သာအလှမှာလေ အရှိန်အဟုန်ပြင်း
ဖာတစ်ကာ့ဖာတွေထဲ သွေမသိမ် ဂုဏ်သတင်းကြီးတဲ့
ရွေသမိန်ရွာက ဖာတွေခင်းလျှက်
သာမဏေအတွက် ဖာတွေကလည်းအသင့်
မလင့်စေ ထေရ့်အရှင်မက်ဖို့လည်း
ဆက်လို့လည်း လှစ်ပြမှာ
ချစ်စရာ့ ဖာအဆင်
ဟာ..မြင်တာနဲ့ ကြွေ။


အစဉ်အလာနဲ့လေ မြင်ပါသကွဲ့လေ
မယှဉ်သာပဲ အမြင်မှာလည်းဆန်း
အမြဲတမ်းအတွက် မကွဲတမ်းတောင့်တဲ့ဖာ။ ။




ကျော်ညိုသွေး




(ကိုသင်ကာရဲ့ ဘလောဂ့် မှာတင်ထားတဲ့  ထန်းခေါက်ဖာဘွဲ့ ကဗျာကို ဖတ်ပြီး ကွန်မန့်ပြန်ပေးထားခဲ့ဖူးတဲ့ကဗျာ)

Comments

ကဗျာလေးက လှပနေလိုက်တာဗျာ..။ ရှေးဟောင်းကျေးလက် ဒွေးချိုးကြီးများလားအောက်မေ့ရတယ်။
Flower said…
ကိုကျော်ညိုသွေး ချောကလက်မှာ တင်လိုက်တဲ့ စာလေးထဲက မှတ်မိနေတဲ့ စာလေးတစ်ကြောင်းက
လူတစ်ယောက်ရဲ့စိတ်ဟာ သူရေးတဲ့စာတွေနဲ့
တစ်ထပ်တည်းကျလိမ့်မယ်လို့ ထင်ထားလို့မရဘူးဆိုတာလေးတစ်ခုပါ..
စာသားကတော့ လွဲကောင်းလွဲမယ် ဒီအဓိပ္ပါယ်ဆိုတာတော့ သေချာပါတယ်နော်..
ဘယ်ချိန်ဖြစ်ဖြစ် ဒီစာလေးကို သတိရနေမိတုန်းဘဲ
တော်တော်လေး မှန်တယ်လို့ ဘလော့သက်တမ်း အနည်းငယ်မှာ သိခွင့်ရလိုက်တယ်..
ဒီအတွက် ကျေးဇူး

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး