ဓါတ်ကြမ်း


အချဉ်ဆဲစရာ မကျွတ်တဲ့မီးတွေနဲ့
ရင်ထဲမှာ cookie တွေများနေလား။

ဆယ်ခါ မက တစ်ကယ် အနာရလို့
ကယ်ရာမရ Error က များနေလား။

အပေါင်းအနုတ်ထဲမှာ ဖြေရာမရလို့
Download ဆွဲတာ ကြွေကာကျနေလား။

Sign in မှာကြာသွားတာမို့
ပြိုင်းချင်စရာကွာ ခါးနာလို့နေလား။

စိတ်တွေ ထွေပြားလို့
အအိပ်အနေ တွေခြားနေလား။

အရူးဖြစ်ချင်ရင်လေ
ဦးချစ်တင် ရွှေဆေးသောက်ပြီးဖြေ။

မူးယစ်စရာ ရမ္မက်ပိုလိုရင်တော့
ဘီလူးဖြစ်ကာ အသက်တို အသွင်ကြမ်းမယ့်
ဂက်စ်ချိုချို အရက်ကိုသောက်။

ကျော်ညိုသွေး

Comments

cookies တွေများပြီး ပုပ်ဟောင်နေတဲ့ ရင်ဘတ်ကြီးကို clear history လုပ်ပစ်ချင်နေတာ ကြာပြီ ဘကြီးရယ်။
ဂက်စ်ချိုချို အရက်ဆိုတာ ဘာအရက်လဲ? :)
sosegado said…
အဲဒါပြောမလို့ ဂက်စ်ချိုချို အရက်ဆိုတာ?
ဖတ်လို့ကောင်းပါတယ်၊
mabaydar said…
စစချင်း အပိုဒ်လေးတွေဖတ်တုန်းက...

စိတ်ညစ်နေလား...
ရွှေပုပ္ပါးသွေးဆေးကို စားဆိုတဲ့ ငယ်ငယ်က (ခုထက်ထိရှိမရှိ မသိ) ရေဒီယိုကြော်ငြာကို ခေါင်းထဲ သွားသတိရမိတယ်... ဂက်စ်ချိုချိုအရက်ဆိုတာ.. အရက်ပြန်ပြောတာနေမယ်.. (အဟီး.. စတာနော်)
littlebrook said…
အရက်ကို ကိုလာနဲ့စပ်တာ ဖြစ်မယ်
း)
ဓါတ်ကြမ်းတိုက်မလို့ နတ်နန်းကို
ပတ်ကြမ်းနဲ့ ဆင့်စမ်း .. ရွာစား ..။ ။
လေပြေ said…
တြို့ ကိုကြီးကျော်.... လာက်ရာကမြောက်ပါပေ့ရယ်နဲ့ ။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး