အချစ်ကဗျာ


ချစ်ရတာကောင်းလား လို့တစ်ယောက်ယောက်က မေးလာရင်...
ကောင်းတယ်။ နှစ်ယောက်စလုံး အပြန်အလှန်ချစ်ပြီး
ကြင်နာမှု့ သစ္စာရှိမှု့တွေနဲ့ ထုံမွှမ်းထားရင်။
ကိုယ်ချင်းစာ တရားနဲ့ တစ်ဦးရဲ့ နှလုံးသားကို တစ်ဦးက ချိတ်ဆက်ထားရင်
ချိုမြိန်တဲ့ နားလည်မှု့နဲ့ အပေးအယူ မျှတရင်..။

ချစ်သူကိုပွေ့ထားပြီး
ချစ်လိုက်တာလို့ ပြောရတာ တော်တော်အရသာရှိမယ်ထင်တယ်။
ရင်ထဲမှာ အမြုပ်တွေထလာမှာ
အဲ့ဒိအမြုပ်တွေများလာရင် ပူဖောင်းလေးတွေ ဖြစ်ပြီး လေထဲမှာ မျောနေဦးမယ်။

ချစ်တတ်တယ် ဆိုတဲ့ လူဆိုတာ…
ကိုယ့်ချစ်သူဖြစ်လာတဲ့သူကိုလည်း သေသေချာချာစံနစ်တကျချစ်ချင်တယ်။
သပ်သပ်ရပ်ရပ် နဲ့
လှလှပပပေါ့ ။

သစ္စာတရားကိုသာ နားလည်သင်ကြားတတ်မြောက်ခဲ့ရင်
ချစ်တတ်ဖို့ဆိုတာ သိပ်လွယ်။

လောကကြီးမှာ ချွပ်စွပ်တူတာတွေက သိပ်ရှား
ဒါပေမယ့်…
ချစ်သူတွေဆိုတာ
သူက သူ့စွမ်းအား
ကိုယ်က ကိုယ့်စွမ်းအား
အားနှစ်ခု ပေါင်းစည်းညီညွှတ်ခြင်းပါ။

တစ်ကယ်တော့ အချစ်ဆိုတာ ကဗျာတစ်ပုဒ်ပေါ့။
စကားလုံးတွေနဲ့ ရေးဖွဲ့ထားတာတော့ မဟုတ်ဘူး။

ချစ်ရတာကောင်းလား လို့တစ်ယောက်ယောက်က မေးလာရင်...
ကောင်းတယ်။ နှစ်ယောက်စလုံး အပြန်အလှန်ချစ်ပြီး
ကြင်နာမှု့ သစ္စာရှိမှု့တွေနဲ့ ထုံမွှမ်းထားရင်။


ကျော်ညိုသွေး

Comments

sosegado said…
ပွေ့ထားပြီး ချစ်လိုက်တာလို့ ပြောရင် အမြုပ်တွေထလာမှာ၊ စဉ်းစားသွားတယ်
100 % ထောက်ခံသွားပါ၏။ :)
ချစ်ရတာကောင်းလားလို့ တစ်ယောက်ယောက်ကမေးလာရင် ..... လွမ်းရတာကပိုကောင်းတယ် ...လို့။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး