ဘာတွေလဲ ?


ဘာတွေလဲ မသိတော့ဘူး
မနေ့တုန်းက အကျန် ရေးလက်စ ဒိုင်ယာရီ
ဒစ်ဂျစ်တယ် ကမ္ဘာထဲမျော…။
အခုည… မင်းဆီမှာရှိတဲ့ စိတ္တဇ ငါ့ရဲ့ကဗျာထဲရော
မော့သောက်လိုက်တယ်….။
ကွင်းပြင်ကျယ်ကျယ် ထဲသွားချင်လို့
ငါအခုအကျဉ်းကျနေတဲ့ စာအုပ်ထဲက ရုန်းထွက်
ငါ့ကိုရုန်းထွက်မရအောင် ဖမ်းဆုပ်ထားတာ
ဘာတွေလဲ….။
စကားဝါတွေရော……
သူတို့လမ်းထိပ်ရော…..
အပြင်မှာ တေးစီးရီးကြော်ငြာဗီနိုင်းချိတ်ထားတဲ့
ရှောပင်းမော်လ် ရော……
Tamporary တွေဘယ်လောက်များများ
ရင်ဘတ်ထဲ စုဝင်နေပြီလဲ။
အဖျားတွေကို စာရွက်ပေါ် ပစ်ချလိုက်တိုင်း
အသွင်းပြောင်း ပြန်ရောက်လာတယ်။
ဟောဒီ့နွေကို ချည်နှောင်ထားတာရော ဘာတွေလဲ…..
ဒီညလည်း ဟောဒီ့ ဖယောင်းတိုင် ထွန်းမရပြန်ဘူး။
အလှကြိုက် မိန်းကလေးရဲ့
ငါ့ကိုမုန်းတဲ့ တေးသံ ချွေးပြန်စေပေါ့။
Blue Berry သီချင်းကိုနားထောင်မိတော့မှ
ငါကျရှုံးရတယ်………..။
ငါဝတ်ဆင်သင့်တာ ဘာတွေလဲ?
နယ်လွန်စိတ်ကို ကြယ်တံခွန်အိပ်နေလို့ မသိလိုက်ဘူး
တိတ်တဆိတ်ပြန်ခဲ့ရပေါ့။
ချိပ်ပိတ်ခံထားရတာက ဘာတွေလဲ…….???

ကျော်ညိုသွေး

Comments

sosegado said…
ဘာတွေလဲ…ဆိုတော့.. ဒါတွေပဲဖြစ်မှာပါ။
Blue Berry သီချင်းကိုနားထောင်မိတယ်။
မသိဘူး အဟုတ်။ ဘာတွေလဲ? :)
noblemoe said…
ဘာတွေလဲ မသိတာကိုးးးးးးးးးးက ဖတ်လို့ တော်တော်ကောင်းတာ
နယ်လွန်စိတ်ကို ကြယ်တံခွန်အိပ်နေလို့  စာသားလေး မိုက်စ်...
သာယာချမ်းမြေ့ပါစေနော်
မိုး
Unknown said…
ဘာမှမလဲဘူး။အဲလိုပဲလို့jmeသီချင်းဆိုလိုက်ပေါ့။its fine!အသည်းမကွဲလိုက်ရတဲ့ ကဗျာတွေပို့ပေးစေချင်ပါတယ်။မိုက်ခဲပေါ့။စာသားတွေကလန်းတယ်နော်။aloha

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး