အဝေးသင်ကဗျာ

ဟော…ဟိုသစ်ရွက်ကလေးတွေအလယ်
ပြောမလို… ချစ်အခက်ကလေးတွေရယ်။

မောလိုတယ် နွေရယ် ရက်တွေမို့
ဇော…ပိုတယ် မပြေလည်ခက်နေလို့။

ဆယ်ရက်မှာ တည်ခဲ့တဲ့ အကွယ်အ၀ှက်တွေကို ထုတ်လို့
ဇယ်ဆက်သလို အဟုတ်ပြောချင်ပါရဲ့
မောချင်လာတယ် ပစ်လျှက်ပြေးမှာကို။

ချစ်ရက်လေး သာလိုပေမယ့်
အသစ်မနက်လေးတွေမှာ
ချစ်လျှက်ဆွေးကာ ဝေးရမလိုလိုနဲ့လေ။
အသစ်ထွက်မယ့် တေးတွေဟာ
အဆွေးတွေပါဆိုတာ ကြိုသိနေသလိုလို။

ကျော်ညိုသွေး

(ဒီကဗျာလေး ရေးတုန်းက အဝေးသင်တက္ကသိုလ် တက်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်သတိရမိတယ်။ ၀င်ခွင့်စာအုပ်ထဲမှာ ပါတဲ့ အဝေးသင်စီးပွားရေး ဘာသာရပ်ကို ထိပ်ဆုံးက ရေးပြီးတင်ခဲ့လို့ အဝေးသင်တက္ကသိုလ် တက်ခဲ့ရတာ ကျေနပ်ပါတယ်။)

Comments

အဝေးသင်ကဗျာကို အဝေးကလာဖတ်ပြီး အဝေးကော်မန့်တွေပေးလိုက်တယ်။ အာ...ဘွားးး
ကျော်ညိုသွေးရေ.....

အဆွေးပါတာကိုကြိုသိနေမယ်ဆိုတဲ့ ဒီကဗျာလေးကို.......
အဝေးးးးးးကြီးက လူတစ်ယောက်လာခံစားသွားတယ်ဗျာ......။

ခင်မင်တဲ့
ဏီလင်းညို

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး