ဝမ်းတူးသရီး
ပေါက်ခေါင်းသူက နှုတ်ခမ်းမလှဘူး ၊  ကျောက်မြောင်းသူက အရမ်းမ၀ဘူး  တစ်ယောက်ပြောင်းကျူမှ စန်းထဖူး။   အရမ်းအလှထူးလည်း နားမလည်ရင်သွား။  ပန်းတမျှဖူးလည်း မယားတစ်ကယ်မထင်ထား။  အလွမ်းက မြူးလည်း အမှားရယ် မဆင်အား   ဟင်…အနမ်းရယ် ခြင်အလားရှိသူနဲ့ ပျို  ရင်…လမ်းဝယ် အစဉ်အနားရှိသူနဲ့ ချို  တမင် ပန်းဖွယ်အဆင် အမှားကြည့်သူ နဲ့ ကိုယ်။   အမြဲကို တစ်ယောက်တစ်မျိုးလေ  အသည်းဆို ခေါက်ရိုးကြေ။   မိန်းမ နောက်ပိုးတွေ လည်း ရှိခဲ့  ထိန်းမရ နှစ်ယောက်ကြိုးတွေလည်း ငြိခဲ့။   ဟဟ….ရှိခဲ့တဲ့ အစကတော့ သင်းတို့က မူယာမာယာနဲ့ အတင်းရှိုက်ရှိုက်ငို အဟတ်!  ဘ၀က မလှပတော့ အလျဉ်းရို့ကြ ကလူအထာ ငါကပဲ အတင်းလိုက်ကြိုက်သလို.. Fuck !   အို…အခြွှေအရံတွေက တအားများစဉ်  ချိုနေ - သံဝေဂစကား မကြားချင်။  အများအမြင်မှာ ကျားအသွင်ပမာ ပေါ်လည်း။  ခြားချင်စရာ အများကျဉ်စရာ ကျော်လည်း။  ထားခင်ကညာ အနားပင်သာ ပျော်ဆဲ။   အို..အရှုပ်အပွကြားမှာ  မလို အနုတ်က မှားကာ  အပိုအလုပ်ကများ။   အလို…ဗုဒ္ဓ ဘုရား ဆီဆုခြွေ  ပျိုတရုတ်မ အနားအတည် ပြုလေ  ဘယ်လိုလုပ်မှ မခြားပြီ ခု အခြေ။   ကျော်ညိုသွေး