လှည်းတန်းဘာဂါ

လှည်းတန်းဘာဂါ

အချဉ်ပေါက်နေတဲ့ လေတွေ ရှူရှိုက်နေရတယ်
နှာခေါင်းတွေ ကျိန်းနေကြပေါ့။
လိုက်ရန်းနား နဲ့ အေးစိုး နဲ့
အဲဒီမှာ စ တွေ့ တာပဲ။
စီးပွားရေး ၊ စီးပွားစီမံ ၊ ဥပဒေ ၊ သမိုင်း ၊ ပထ၀ီ ၊ မြန်မာစာ
အရှေ့တိုင်းဘာသာ ၊ စိတ်ပညာ။
မိုဘိုင်းဖုန်းတွေက ဒုက္ခကို သီချင်းဆို
သွားရည်စာတွေက လျှောက်လမ်းကို စင်္ကြန်ခတ်
အနာဂတ်ကို ဂျော်ဒါးနိုး ဖိနပ်စီးလို့ လျှောက်လှမ်းကြပေါ့။
တစ်ဘက်ကို တီလားဘီးရား ငါးရာစီနဲ့
ချိန်းထားတဲ့ အစားအစာတွေ ထ ထခုန်တယ်။
စီးကရက်ညှော်တွေလည်း
ရေမုန့် နဲ့ မုန့်လင်မယား ညှော်တွေထဲ ချော်လဲ ရောထိုင်
ဈေးဘက်လမ်းတကြောမှာ
ညခင်းဆို လူတွေ အိုင်တယ်။
ပိုက်ဆံတွေ အကိုင်ကြမ်းတဲ့ စပါယ်ရာ နဲ့
ဘယ် , ညာ တွေ လမ်းဖြတ်ကူးတဲ့ ခဏတာ
ဘ၀မှာ ကားတန်းကြီး က လမ်းပေါ်မှာ အိပ်ငိုက်ဖူးတာပဲ
ဘေဘီမိုင်လို ၀တ်ထားတဲ့ ရှော်တီလေးရယ် နော့ ။

ကျော်ညိုသွေး

Comments

ဂလိုကဗျာလေးတွေကို ရေလည်ကြိုက်တယ်
လှည်းတန်းဘာဂါဆိုတော့ လှည်းတန်းနေသူမို့ ပိုခိုက်သွားတယ်


မောင်ဘကြိုင်
မိုက်စ်... ဘဘ ပျောက်လှချည်လား
တစ်ခါက အဲဒီလှည်းတန်းမှာ
ခြေရာတွေထပ်ခဲ့ဖူးတယ် ကျောင်းလမ်းနဲ့အင်ယားလမ်းထောင့်က စမိုင်းလ်
တက္ကသိုလ်ရိပ်သာလမ်းတလျှောက်...
ဒါကြောင့်ကဗျာဖတ်ပြီးလွမ်းမိပါတယ်။
THS said…
လှည်းတန်းဘက် ခဏပြန်ရောက်သွားတယ် ။

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး