ချက်ချင်းတပ် ချက်ချင်းဖြုတ်

ချက်ချင်းတပ် ချက်ချင်းဖြုတ်


သူမ လုပ်သလို အက်ရှင်မျိုးနဲ့
အချစ် အချစ် အချစ်
အား...ဆေးပြားတွေ တက်ပလက်တွေ
အား...ဆံပင်ရေစိုတွေ
မိုးရွာထဲ လှမ်းတဲ့ ခြေလှမ်းတွေ
အား...ရူးသလို ရွဲနေသလို မျက်လုံးမျိုး နဲ့
မျက်မှန်လည်း မိုးရေထဲမှာ
အဖျားတက်တုန်း အိုက်စ်ခရင် နဲ့ ရောစားမိတဲ့
မျက်ရည်။
အား...ရူးသွပ်လို့ ကောင်းလိုက်တာ အား..။
အား...ဘီယာတွေ
အပျိုရည်မပျက်အောင် မူးတဲ့ အမူးတွေ
ရူးရူးမူးမူး ပေးကမ်းစွန့်ကြဲလိုက်ပေမယ့် ခွင့်လွှတ်ချင်စရာ အထာတွေ
မျက်လုံးထဲ ပြာခနဲဝေသွားစေမယ့် သူမနှုတ်ခမ်းက ထွက်ကျလာတဲ့
ကွမ်း တံထွေး ကျဲကျဲတွေ ထွေးလိုက်ပုံ
စင်နောက်မှာ ခွေခွေလေး
အား...။
ရီဝေ တဲ့ အက်ရှင်က ရူးလောက်ရဲ့ သေလောက်ရဲ့ ဝေသန္တရာကြီး ပြန်ရှင်လာလောက်ရဲ့
စကားလုံးရှာရင်းနဲ့ နှစ်တရာခရီးသည်ဖြစ်လောက်ရဲ့
ခွင့်မလွှတ်ပါနဲ့ ဒီတက်ပလက်တွေ သဲတွေထဲ ကျသွား ပြန်မရတော့ တဲ့အခါ
အရူးတပိုင်း အော်ဟစ်ရင်း အချစ်အချစ်အချစ်
သူမ လက်ထဲမှာ တက်ပလက်တွေ မိုဘိုင်းတွေ အင်တာနက်တွေ
ဖေ့စ်ဘုတ်တွေ၊ ဆိုရှယ် နက်ဝဒ်ထဲက ကားရန့်စတေးတပ်စ်တွေ
ပျားရည်လို ချိုတဲ့ ဒုက္ခတွေဆိုတာ ပျားရည်။
ချွင်ချွင်ချွင်ချွင် လှေကားရင်းက အိပ်ဆေးတွေ တက်လာပုံ
ကုန်းကုန်းကွကွ နဲ့ ရင်ဟိုက် ချည်သား အကျီ မိုးရေထဲမှာ လည်း သူ့တာဝန်ကျေပွန်တယ်
လက်ဝါးလေးကွယ်ကာကွယ်ကာ ကုန်းကုန်းလေးနဲ့ မုန့်ကြိုးလိမ်လိုခြေလှမ်းမျိုးနဲ့
အီမိုဂျင်း အား...
ချည်သား အင်္ကျီ လေးအား
ပြတ်သွားတဲ့ ဖိနပ်အပါးလေးအား...
ရင်ဘတ်ကို ဆွဲဆွဲဆောင့်နေတဲ့ သူ့လက်မောင်းလေးအား...
အားအားအား
အားလုံးပြီးဆုံးသွားသလို
ပြီးဆုံးသွားတဲ့ အားလုံးကို အားစိုက်တွေးနေသလို
အား...မပြောတတ်ဘူးကွာ
မပြောတတ်ဘူး ပြောကို မပြောတတ်ဘူး
အား...ငါ့ရင်ထဲမှာ သွားကြားညပ်သလို ညပ်နေတဲ့ အဲဒီစိတ္တဇကို
အား မရဘူးကွာ...တက်ပလက်တွေ အဝေရာတွေ
အို...အ၀ါရည်တွေ ကွာ အ၀ါရည်တွေ
ပေးပေးပေးပေးပေး။
တက်ပလက်တွေ ကွာ တက်ပလက်တွေ တက်ပလက်တွေ
ဂလောက်ဂလောက် ဂလောက်။
သြော်..ဒါများ...အဲဒါ...ဂျေးဘရိတ်ခ်လုပ်လိုက်ပေါ့။
အသစ်အသစ်အသစ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး