တစ်ယောက်ယောက် နဲ့ စကားပြောချင်တယ်

တစ်ယောက်ယောက် နဲ့ စကားပြောချင်တယ်


"ကလောက် ဆိုတာ ဘာလဲလို့ "
သတင်းထောက်မလေးက မေးတယ်။
အဲဒီတော့ ဆရာမကြီးက
ကလောက် ကွန်ပျူးတင်း ဆိုတာ မိုးပေါ်က ကွန်ပျူတာလိုလို
တိမ်တွေထဲက နက်ဝဒ် လိုလို ပြန်ဖြေတယ်။

နောက်တစ်ခါ ပြန်ဆုံကြတော့...
သတင်းထောက်မလေးက ငါ့ကိုမေးတယ်။
"ကလောက်အကြောင်း သေချာသိသွားပြီလား"တဲ့။
ငါကလည်း ဖြေလိုက်တယ်...။
"အင်း" လို့။

ငါသိတာပေါ့ ကလောက် ဆိုတာ
မိုဘိုင်းဖုန်းမှာ မက်ဆေ့ခ်ျရိုက်တဲ့ အသံလေ။
ဟင်းဟင်း...ဘယ်ရမလဲ။

အခုတော့...
မီဒီယာဖိုင်းရား ကိုဖွင့်ပြီး
လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက လုပ်ခဲ့တဲ့
မိုးဦးလေပြည် အက်ဆေးအီးဘုတ်ကို
အပ်ပလုတ် လုပ်နေတယ်လေ။

ဟုတ်ကဲ့ မိုးဦးလေပြည်
ပတ်ဘလစ်ရှင်းမှ
အစ်ရှူး အသစ်ထွက်ပါပြီ။
ကလောက်! ကလောက်! ကလောက်! ။         ။


ကျော်ညိုသွေး

Comments

ရှာဝယ်ဖတ်ရမှာလား နေပြည်တော်မှာရနိုင်သလား

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး