ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

နှင်းကဗျာ

.
နှင်းတွေဝေလွှမ်း၊ နှင်းလမ်းမမှာ
နှင်းပန်းပွင့်ခိုက်၊ နှင်းလှိုက်မောဖွယ်
နှင်းတောလျှောက်စဉ်၊ နှင်းချင်ဘဝ
နှင်းလ၀ယ်ဖွား၊ နှင်းကညာအား
နှင်းကဗျာငယ်၊ နှင်းချင်သော်ငြား
နှင်းပြင်ကြားမှာ၊ နှင်းသာတိုးဝေ
နှင်းလေတိုးတိုက်၊ နှင်းများခိုက်ကာ
နှင်းခိုက်တုန်ချမ်း၊ နှင်းလမ်းကလည်း
နှင်းထဲလွမ်းဖို့၊ နှင်းကြမ်းခဲ့သည်
နှင်းလွမ်းပန်းချီ၊ နှင်းပန်ချီတည့်။ ။
ကိုဂစ်တာ

gravatar

နှင်းကဗျာလေးကောင်းတယ် မောင်ဂစ်တာရေ.

ချမ်းချမ်းနဲ့ စာလိုက်ဖတ်နေတာ ပိုချမ်းသွားသလိုပဲ.း)

မ၀ါ

gravatar

ကောင်းတယ်ဗျ...ခင်ဗျာနှင်းတွေက ရင်ထဲထိကျလာတယ်..
ရှင်းရှင်းလေးလေး..အေးအေးလေးလေး..
ရေးချသွားတယ်..
လေးလုံးစပ်ကလေး..

gravatar

နှင်းတွေဝေတုန်း နှင်းဘလော့ကိုလာပြီး နှင်းကဗျာဖတ်ကာ နှင်းတွေကို လွမ်းသွားပါသည်။

gravatar

အလို နှင်းချင်းထပ်နေပါ့လား ကဗျာလေး ကောင်းတယ်ဗျို.

gravatar

ကဗျာလေးကောင်းတယ်ဗျာ***လေးလုံးစပ်ကို
ရေးထားတာများ တယ်လည်းပြောင်မြောက်တယ်ဗျာ***
ကဗျာလေးကြိုက်တယ်ဗျို့***

gravatar

ကဗျာဖတ်ပြီး ခိုက်ခိုက်တုန်သွားတယ်

gravatar

အစ်ကိုရေ ကဗျာလေးက နှင်းတွေကို မှုန်ဝေနေတာပါပဲလား။ နှင်းတောထဲက နှင်းကဗျာလေးကို ခိုက်ခိုက်တုန်ပြီး ဖတ်သွားတယ်ဗျို.။

gravatar

မိုက်တယ်ဗျို့။ ရှင်မဟာရဋ္ဌသာရရဲ့ ရေးနည်းဗျ။ ပဒုမ္မာကြာဆိုနည်းလို့ ထင်တာပဲ။ ပုံလေးပါထည့်ဆွဲပေးရင် ပိုတောင်မိုက်သေးတယ်။

အကြိုက်တူတွေဗျို့။

gravatar

အသက်ဝင်တဲ့လေးလုံးစပ်ကဗျာလေးပါ
winwinlay1
http://we-angelladies.blogspot.com