တောင်တက်ခြင်း
ရှိသည်။သို့တည်းမဟုတ် အမြင့်တစ်နေရာသို့ တက်ရောက်ဖူးသူများလည်း ရှိမည်။
လွယ်လွယ် ဥပမာပေးရလျှင် သူသူကိုယ်ကိုယ် ကျိုက်ထီးရိုးဘုရားဖူး
သွားရာတွင် ရင်ပြင်တော်ပေါ်ထိ တောင်ရင်းမှဖြစ်စေ လမ်းတစ်ဝက်မှဖြစ်စေ
တက်ဖူးသူများရှိလိမ့်မည်။
်(ကျိုက်ထီးရိုးဘုရားဖူး မသွားဖူးသူများကိုမဆိုလို)
ကုန်းမြင့်တစ်နေရာသို့ တက်ရောက်လျှင် ဖြစ်စေ သင်တို့ကိုယ်ကိုကိုယ်
မည်သို့မည်ပုံ တက်နေရသည်ကို ဆင်ခြင်မိပါသလား။ ပြန် ဆင်းလာရာတွင်လည်း
မည်သို့မည်ပုံ ဆင်းလာခဲ့သည် ကို သုံးသပ်မိပါသလား။
တောင်အမြင့်သို့တက်လျှင် ကိုယ်စီကိုယ်
ခါးကိုင်း၍တက်ရသည်ချည်း။ ဦးခေါင်းကိုစိုက်၍ ခပ်ငိုက်ငိုက်လှမ်းရသည်။
တစ်ကုန်းပြီး တစ်ကုန်း တစ်ကွေ့ပြီးတစ်ကွေ့
ကြိုးစားပမ်းစားဖြင့်မာန်တင်းထားရသော်လည်း ကုန်း၍သာ တက်လာခဲ့ရသည်။
တောင်ပေါ်မှ ပြန်ဆင်းလာရာတွင်တော့ ခါးကော့ကာ ခေါင်းမော့၍
ပြုံးပြုံးပျော်ပျော် ဆင်းလာနိုင်ကြ သည်။ ဤသည်မှာ တောင်တက်တောင်ဆင်း
ပြုလုပ်ခြင်း၏ ယေဘူယျ သဘောတရားပင်ဖြစ်မည်။
ဘ၀ဆိုသည်မှာလည်း တောင်တက်တောင်ဆင်း
ယေဘုယျသဘောတရားနှင့် ခပ်ဆင်ဆင်တူသည်ဟု ထင်မြင်မိသည်။ လူတိုင်း
လူတိုင်းသည် ဘ၀တစ်ခု ဖြစ်တည်လာပြီးနောက် လူတိုင်းလူတိုင်းတွင် ကိုယ်စီ
ကိုယ့်ရည်မှန်းချက်များ၊ ၀တ္တရားများ၊တာဝန်များဖြင့်
ကိုယ်နှင့်ဆိုင်ရာဆိုင်ရာ တောင်အသီးသီးသို့အားသွန်ခွန်စိုက် မဖြစ်မနေ
တက်လှမ်းကြရမည်။ ပန်းတိုင်တောင်ထိပ်သို့မရောက်မချင်း ကိုယ့်ကိုကိုယ်
တွန်းအားပေးကာ တက်လှမ်းခဲ့ကြရသည်။ တစ်ချို့လည်း
တောင်ထိပ်သို့ရောက်ခဲ့သည်၊ တစ်ချို့ လည်း တောင်တစ်ဝက်မှာပင်
ရပ်တန့်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ကိုယ် တက်လှမ်းနိုင်သလောက် နေ ရာ၏
အကျိုးကို ကိုယ်စီ ခံစားကြရမည်မှာ မလွဲပေ။
ထိုမှတဖန် မိမိ၏ ရောက်ရှိသော နေရာမှ အချိန်တန်လျှင်
ပြန်လည် ဆင်းသက် ကြရာတွင်တော့ ပျော်ရွှင် ကြည်လင်သော
ဆင်းသက်မှု့မျိုးဖြင့် ဆင်းသက်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဘ၀သည် အတက်အဆင်းဖြင့် ဖန်တီးထားသောကြောင့် ကိုယ်တိုင် ကြိုးစား
ရုန်းကန်သလောက် အမြင့်သို့ ရောက်ရှိပြီး လောကဓံတရား၏ စေစားမှု့အရ ပြန်လည်
ဆင်းသက်ကြရသော အခါတွင် သက်သက်သာသာနှင့်
ကြည်ကြည်လင်လင်ဆင်းသက်လာနိုင်စေရန် ပြင်ဆင်ထားခြင်းဖြင့် အဆုံးသတ်
လှပသော ခရီးတစ်ခု၏ အဓိပ္ပါယ်ကို ဖေါ်ကျူးနိုင်ပေလိမ့်မည်။
ကျော်ညိုသွေး
Comments