ခွေးကျင့် ခွေးကြံ

တော်သလင်းမှာ
အဖေါ်အသင်းတွေကြား
ထွေပြားဘိချစ်သဘင်
ချစ်ချင်တဲ့ခွေးချစ်
ဘေးဖြစ်စရာ ခွေးအချစ်မှာ မရှိပဲ
သစ္စာမရှိလည်းရတယ်။
ချစ်တဏှာ အတိနဲ့ မေတ္တာရှိလည်း
ပစ်မကွာအတိပဲ အသစ်လာ ငတိခွေးလည်း
အချစ်မှာ အပြည့်ပေးလည်းပေးမယ်
ခွေးအငယ် ခွေးအကြီး
ခွေးအထီး ခွေးအမ
အသွေးကြွရင် မနှေးဟ အမြန်
ခွေးမလည်းရန်မလုပ်
အမြန်အသုတ် ဟန်မလုပ်ပဲလေ
အမြဲလေ တွဲနေဆဲ မောင်နှံလည်း
ရှောင်ရန်လည်းရှိမဟ
ကြည့်မရတဲ့ တစ်ခြားခွေးများ
ပြေးသွားလို့ အပြေးများကိုက်ရင်
ခွေးများတစ်သိုက်
ကလေးများဖိုက်သလို ဆူညံ
အူသံမစဲ လူဖျန်လည်းကြံမရ
မာန်ထတဲ့ခွေး အတွဲ
မနှေးပဲထွက်ပြေးလည်း
ခက်သေးဆဲ ခက်တယ်။ ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး