မြင်ယောင်မိတယ် ဘာညာ ဘာညာ

နှာခေါင်းပြားလေးပေမယ့်လည်း

အကောင်းစားလေးလို့ မှတ်လို့ ချစ်ခဲ့

အသစ်ကွယ့် ဘ၀မှာ အစစ်နဲ့ တွေ့ပြီလို့မှတ်လို့

အတတ်တို့ငြိခဲ့။

မသိခဲ့ အဖြစ်ဆိုးတွေကြုံမှာကို

ဆုံရာကို လာခဲ့တယ် မင်းနဲ့ငါ အမြဲတမ်း

စွဲလမ်းကြေးအိုး ဆိုတာ

အို..ငါတို့တွေရဲ့ ချိန်းတွေ့တဲ့နေရာ

တစိမ်းမေ့ကို တွေ့ခဲ့လေတာလည်း အဲ့ဒိမှာ

မဲ့သည့်ငါပြုံးခဲ့ရနေ့တွေလည်း

မမေ့လေပဲ မှတ်မိသေးတယ်

ထပ်ရှိသေးတယ် နောက်အတော်ကြီးများကြာမှ

ကျောက်တော်ကြီး ဘုရားမှာတစ်ခါ

အနားမှာကြင်နာသူမို့ မမြင်သာဘူးအပျော်စိတ်တွေလည်း အများတွေ

ခြားမနေချင် အချစ်တွေမပျောက်ဆုံးရစ်ဖို့

နောက်သုံးနှစ်အကြာမှာ အသက်ဓါတ်တို့ပွင့်လန်းဖို့

လက်ထပ်စို့ရယ် ရည်မှန်း

ဒီလမ်းကလေးတွေလည်း လန်းခဲ့တယ်။

အရမ်းပဲကွယ်…

တို့အပျော်တွေနဲ့ ညနေစောင်းအိမ်အပြန်

အချိန်မှန်ခဲ့တယ်။

အိမ်ပြန်ခဲ့လည်း အချိန်တန်ရင် လွမ်းသမို့

လှမ်းလို့လည်းဖုန်းဆက်ချိန်တွေများ

အပြုံးဆက်ကာ နှလုံးအသက်လည်း

ဦးစက်ကာအချိန်တွေလည်း အရှိန်တက်သမို့

အိပ်မက်လို့ရယ်။

အရှိန်ပျက်ဖို့

အလိမ်ဆက်လို့ ဖျားယောင်းသူနဲ့

ကြားမကောင်း သူအဖြစ်တွေမှာ

ငါရင်တွေနာတယ်။

ငါမြင်နေပါတယ် စေ့စေ့ပေါက်ပေါက်

မေ့ ရဲ့ အဖောက်ခံရတာတွေ

ဘယ်လောက် ကျန်ကျန်

တစ်ယောက်အမှန်ချစ်သမို့

ကြောက်ကန်ကန် ငါမင်းကိုငြင်းမယ်မဟုတ်ပေဘူး

မမေ့ဘူးကွယ်

အဟုတ်နှစ်ကိုယ်ရည်းရူးခဲ့တာတွေ မမေ့သေးပဲ

တွေ့သေးလို့လည်း မ၀သေးပဲ

ညီမလေးနဲ့ ချစ်ခဲ့တာ ခဏလေးပဲ

ခွေးဆွဲခံရတဲ့ ညီမလေးဒါဏ်ရာ

ဒီကသွေးထန်ကာ ကြံရာမရအရူး

ဒါဏ်ရာမရဘူးတော့

အမှန်ငါက ရူးနေဆဲ။

မူးနေဆဲ ငါ့ရည်းစားအဖြစ်တွေတွေးတိုင်း တစ်မြေ့မြေ့တောက်

စေ့စေ့ပေါက်တွေးမိတိုင်း ဒီလိုဒီလို မျက်လုံးထဲပြေးမြင်တယ်

ကလေးရင်ကို ညှိုးစေခဲ့တာ

သွေးအပြင်ကို ကျိုးစင်ခဲ့ကာ ပေါက်ခဲ့တာ။







ကျော်ညိုသွေး





Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး