ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

"ရည်းစားဟောင်း သို့"

ဒီလိုပဲငိုနေရင်းနဲ့ ရယ်နေရတာပဲ
မဲ့နေရင်းနဲ့ ပြုံးနေရတာပဲ
သတိရနေရင်းနဲ့လည်း အလုပ်ရှုပ်နေရတာပဲ
စိတ်နာနေချင်လည်း ခွင့်လွှတ်နေရတာပဲ
ရွေးချယ်စရာရှားလို့တော့ မဟုတ်ဘူး
လှမ်းဆွဲစရာ နည်းလို့တော့မဟုတ်ဘူး
ပန်းသီးပဲစားချင်လို့ ပန်းသီးပင်ပဲစိုက်ခဲ့တာ
မသီး သီးသီး သီးသီးသီး
မငြီးမငြူ ပေါင်းသင်ပါ့မယ်။


ကျော်ညိုသွေး

gravatar

မိုက်တယ်...ဟီ