ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အနုပညာ

ဘယ်သူ့အမြင်မှာ ဘယ်လိုမှားမှား
တုယှဉ်စရာ တစ်ကယ်ကိုရှားတယ်
အနုပညာ လူ့အမြင်မှာ ပါးနေတဲ့ သိက္ခာ
ထွားနေတဲ့ အ၀ိဇ္ဇာတရားတွေရှင်းမဲ့
ဓါးတွေမဲ့ စိတ်သာအရင်းထားလို့
အစဉ်းအစားမဲ့ အမိုက်တွေကို
အမှိုက်တွေလိုရှင်းမဲ့ အရာ။

အလင်းရဲ့ကဗျာတစ်ပုဒ်နဲ့
မင်းရဲ့အနာ အငုပ်တွေကို
ရှင်းမဲ့စာတစ်ပုဒ်။

အရင်းမဲ့စွာ နှလုံးသားအခြေက
မင်းနဲ့ငါ အပြုံးများ ဝေရအောင်
အခြေမလှလည်း နွေဘ၀ကိုတောင်
ဖြေချပေးမယ့် အသုံးအနှုန်း။

အရှုံး ၊ အမုန်းနဲ့
လုံးလုံး နဲ့နေချိန်တွေ
မဲ့နေတဲ့ နှုတ်ခမ်းထိပ်မှာ
အလွမ်းရိပ်တို့ဖြို
ငိုနေတဲ့ နှုတ်ခမ်း
အချိုတွေနဲ့ နမ်းမဲ့ ကဗျာ။ ။


ကျော်ညိုသွေး

gravatar

ငိုနေတဲ့နှုတ်ခမ်း
အချိုတွေနဲ့နမ်းရင်
ကဗျာကို
ပုရွက်ဆိပ်ကိုက်မှာပေါ့ ဂစ်ရဲ့
ဟိ

gravatar

အရှုံး ၊ အမုန်းနဲ့
လုံးလုံး နေတယ်ဆိုတော့ ဒိုင်လူကြီးခေါ်မှဖြစ်တော့မယ်ပေါ့

gravatar

အနုပညာရဲ့ အဆင့်ဟာ ရူးသွပ်သူတွေအတွက်
တန်ဘိုးဖြစ်ပြီး အဖိုးဖြတ်မရတဲ့ တန်ခိုး မြတ်တစ်ခုပါ ..။
အသွားလို ထက်မြတ်ပေမယ့် ထွက်ပေါက် မဲ့နေတတ်တာလည်း တစ်ခါတစ်ရံ အနုပညာကို နှိုင်းပြရုံနဲ့ မသိသူတွေအတွက် ကျော်ခွလို့ နင်းဖြတ်ချင်တဲ့ စံပေါ်က ငြီးငွေ့သူတစ်ယောက်ရဲ့ အဖြစ်တစ်ခုလိုပဲ..
ကဗျာတစ်ပုဒ်မှာ အလင်းဖြည့်အားလို့
ရောင်ပြန်တတ်တဲ့ စာစီပိုဒ်တွေမှာ
တစ်ကယ်လေ့လာရင် ရင်တွင်းအလှတရားကို
ဖြစ်ထွန်းပီတိနဲ့ ထွက်ပေါက်တစ်ခုကိုလည်း
ပေးတတ်ပြန်ရော ..တစ်ကိုယ်တည်း ဖြစ်နေချိန်
အတွေးတစ်စမှာ ကပ်ပါလာတဲ့ တစ်ချိန်တစ်ခါက ဖြစ်ရပ်မှာ အပြုံးသက်သက်နဲ့ အမုန်းဖက် အကြည့်တွေကြား ခုချိန်ခါမှာ နှုတ်ခမ်းတစ်စုံက အဆိပ်သင့်ခဲ့တာ တစ်ချိန်ကတော့ အပြုံးတစ်ဝက်မှာ မုန်းချက်မပါတဲ့ ချိုမြခြင်းပေါ့ ..အဲကြားမှာ အနုပညာက စိတ်ရဲ့နယ်နိမိတ်မှာ ကာရံတဲ့ ဒိုင်းတစ်လက်ဆိုရင် ထိုးခွင်းသူဟာ ဒိုင်းမျက်နှာစာမှာ
ငုပ်တစ်ခုလို ကျန်နေပေမယ့် ကြွင်းကျန်မှုရဲ့ အချိုင့်တစ်ခုမှာ ဖြေဆေးသိပ်ပေးတာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တည်နေမှ အနုပညာဆိုတာ
ကာရံ အလွမ်းမှာ တစ်ခါပြန်ဆန်းမဲ့
အောင်မြင်မှု မာန်တိုင်လို့တော့ ထင်မိပါတယ် ..။